Tuesday, April 28, 2026

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ...

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။ ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏...

သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့်...

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်နေကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့်...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင်...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...
HomeNewsLocal Newsလယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင်...

လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်ကို မေလဆန်းတွင် စတင်မည်

တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လယ်ယာသုံးစက်ကိရိယာချေးငွေထုတ်ချေးရေး အစီအစဉ်သစ်ကို မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍများတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့အတွက် တောင်သူလယ်သမားများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာချေးငွေများကိုလည်း ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ချေးမည့် ချေးငွေအစီအစဉ်သစ်သည် အတိုးနှုန်းသက်သာသော ချေးငွေများဖြစ်ပြီး တောင်သူများအနေဖြင့် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီသည့် ချေးငွေပမာဏရရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံပိုင်ဘဏ်များအပေါ် ယုံကြည်အားကိုးမှု ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှုမြင့်မားလာရေးအတွက် သက်ဆိုင်ရာဌာနများကလည်း အဂတိတရားကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးသီးနှံအပါအဝင် သီးနှံ ၂၄ မျိုးကို ထုတ်ချေးပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိုက်သင့်သလို တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။ ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲတစ်ခုတွင် သူက "ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်တဲ့ ရေကြောင်းသွားလာခွင့်ဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားရပါမယ်။ ဒီမူဝါဒတွေကို အပြည့်အဝနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လိုက်နာကြရပါမယ်" ဟု ပြောကြားခဲ့သည်။ ဂူတာရက်စ်က "သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော် အယူခံဝင် တောင်းဆိုချင်ပါတယ်။ ရေလက်ကြားကို ဖွင့်ပေးပါ၊ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးပါ၊ အခွန်အခတွေ...

သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံး တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းတွင် တန်ချိန် ၂၅,၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်နေကြောင်း သိရသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL)...

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ဗဟိုဘဏ် ကြေညာ

ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(Black Lists)ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၇ ရက်စွဲဖြင့် ကြေညာထားသည်။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၂၈) ခုအားလည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ များအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071