Home News Local News မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

0
65

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် ​မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊​ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊​ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊​မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ  မြန်မာနိုင်ငံမြောက်ပိုင်းတို့ဖြစ်ကြောင်း ဆိုသည်။

​နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါ အဝင် မြို့ကြီးအချို့တွင် ပုံမှန်ထက် အပူချိန် ၁.၅ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုနိုင်ကြောင်းအသိပေးထားသည်။

ထို့အပြင် မိုးရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေများသည် လက် ရှိရေမှတ်ထက် (၅) ပေမှ (၁၂) ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းသိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here