Wednesday, April 29, 2026

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...
HomeMoviesဂျပန်တောမီးကြီးကို ငြိမ်းရန်မီးသတ်သမား၁၄၀၀ဖြန့်ကျက်ချထား

ဂျပန်တောမီးကြီးကို ငြိမ်းရန်မီးသတ်သမား၁၄၀၀ဖြန့်ကျက်ချထား

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် ယခုအခါ ငါးရက်မြောက်ရှိလာပြီဖြစ်သော တောမီးလေ-ာင်ကျွမ်းမှုများကို ထိန်းချုပ်ရန် မီးသတ်သမား ၁,၄၀၀ နှင့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ စစ်သည် ၁၀၀ ဝန်းကျင်ခန့်ကို ဖြန့်ကျက်ခဲ့သည်။

မီးလောင်ကျွမ်းမှုများသည် အကြမ်းအားဖြင့် ဟက်တာ ၁,၃၇၃ ခန့်အထိ ပျံ့နှံ့သွားပြီး ယခင်ရက်ကထက် ၇ ရာခိုင်နှုန်းမြင့်တက်လာကာ ကမ်းရိုးတန်းမြို့ အော့ဆူချီကို ခြိမ်းခြောက်လျက်ရှိသည်။

ရဟတ်ယာဉ်နှစ်စင်းက မီးလေ-ာင်ကျွမ်းနေသော တောအုပ်များပေါ်သို့ ရေများလောင်းချနေပြီး ၃၀ ကီလိုမီတာအကွာမှ အနံ့ရနိုင်သော မီးခိုးတန်းကြီးသည် အော့ဆူချီမြိ့အနီးတောင်ကြားမှ ပေါ်ထွက်လာသည်ကို မြင်တွေ့ရသည်။

အော့ဆူချီမြို့တွင် တောမီးနီးကပ်နေသော နေအိမ်များအနီးရှိ သစ်တောများကို မီးသတ်ကားများဖြင့် ရေဖျန်းပက်နေခဲ့သည်။

အော့ဆူချီမြို့ လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော အိမ်ထောင်စု ၁,၅၄၁ စု သို့မဟုတ် လူဦးရေ ၃,၂၃၃ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်များထုတ်ပြန်ထားသည်။

ယခုအချိန်အထိမူ ခိုလှုံရေးစင်တာတွင် အသေးစားဒ-ဏ်ရာရှိသူ တစ်ဦးသာရှိကြောင်း သတင်းရရှိသည်။ ရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်ခြေမရှိနိုင်ဟု ခန့်မှန်းထားသော်လည်း နောက်သီတင်းပတ်အစောပိုင်းတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ တောမီးလေ-ာင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

ပိုမိုခြောက်သွေ့လားသည့် ဆောင်းရာသီအခြေအနေများကြောင့် တောမီးလောင်ကျွမ်းမှုအန္တရာယ်မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်အစောပိုင်းက အီဝါတီမြို့တွင်ဖြစ်ပွားခဲ့သော တောမီးလေ-ာင်ကျွမ်းမှုသည် ရာစုနှစ်ဝက်ကျော်အတွင်း ဂျပန်နိုင်ငံ၏ အဆိုးဝါးဆုံးတောမီးဖြစ်ခဲ့သည်။

လူသားများက ရုပ်ကြွင်းလောင်စာများကို မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုသည် မိုးခေါင်ရေရှားကာလများကို ပိုမိုရှည်ကြာ ပြင်းထန်စေမည်ဟု သိပ္ပံပညာရှင်များက ကြာမြင့်စွာကတည်းက သတိပေးထားခဲ့ကာ ယင်းအခြေအနေများသည် တောမီးလေ-ာင်ကျွမ်းရန် အကောင်းဆုံးအခြေအနေများကို ဖန်တီးပေးခဲ့သည်။

Ref: ဖတ်စ်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို "ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်" ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ "ကျွန်တော်တို့ အဆိုပြုထားတဲ့ 'နျူကလီးယား ပါဝါဘဏ်' ဟာ မျိုးဆက်သစ်...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071