Saturday, April 25, 2026

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း...

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က...

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး...

မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့်...
HomeInternationalအာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏...

အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ငါးနှစ်ကြာ ဆက်ဆံရေးဝေးကွာနေခဲ့ပြီးနောက် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုမတိုင်မီ ထုတ်ဖော်ပြောကြားခဲ့သည်။

မကြာသေးမီက ရွေးကောက်ပွဲအပြီးတွင် ဦးမင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

သူတို့အာဆီယံကို ပြန်လာတာကို ကျွန်တော်တို့ ထောက်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒက “သူတို့ကို ပြန်ခေါ်လာဖို့အတွက် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမှာ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ပါပဲ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကောက သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါပေမဲ့ သူတို့အာဆီယံကို ပြန်လာဖို့အတွက် အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက်တုန့်ပြန်ဆောင်ရွက်ရပါမယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှုအတွက် ထိပ်တန်းအဆင့် အစည်းအဝေးများတွင် ဝန်ကြီးအဆင့်အရာရှိများက နိုင်ငံကို ကိုယ်စားပြု ၍ တက်ရောက်ခဲ့သည်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအဖွဲ့သည် မြန်မာအစိုးရသစ်ကို တရားဝင် အသိအမှတ်မပြုရသေးပါ။ အာဆီယံခေါင်းဆောင်များသည် လာမည့်လတွင် ဖိလစ်ပိုင်နိုင်ငံတွင် ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပမည်ဖြစ်သည်။

ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခြင်းနှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒ-ဏ်လျှော့ချပေးခြင်း အပါအဝင် ပြီးခဲ့သည့်အပတ်က အကျဉ်းသားထောင်ပေါင်းများစွာအတွက် မြန်မာနိုင်ငံ၏ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို ဆီဟာဆက်က ကြိုဆိုခဲ့သည်။

“ဒီလိုလုပ်ဆောင်ချက်တွေ ပိုပြီးလုပ်ဆောင်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေပြီး အာဆီယံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် ဘယ်လိုနေရာလွတ်တွေ ဖွင့်လှစ်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။

Ref: သယ်စတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားပြတ်တောက်နေခြင်းဖြစ်

  ရန်ကုန်တိုင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ်အားအမြန်ဆုံး ပြန် လည်ပို့လွှတ်နိုင်ရန်ဆောင်ရွက်နေ ၂၃၀ ကေဗွီ ရွှေတောင်-မြောင်းတကာ ဓာတ်အားလိုင်းအတွင်း ယနေ့ ဧပြီ ၂၅ ရက်ည ၈ နာရီ ၄ မိနစ်ခန့်က အပြစ်ဖြစ်ပေါ်ခဲ့၍ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းသို့ အရန်ဓာတ်အားလိုင်းများမှတစ်ဆင့် ၃/၄ နာရီအတွင်း လျှပ်စစ်ဓာတ် အားအမြန်ဆုံးပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဝန်ထမ်းများက အပြစ်ဖြစ်ပွားခဲ့သည့် ဓာတ် အားလိုင်းကို အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြု ပြင်နိုင်ရန်...

လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို (၃) ရက်ဆက်တိုက်ပိတ်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကို ဧပြီ ၂၉ ရက်၊ ဧပြီ ၃၀ ရက်နှင့် မေ ၁ ရက်အထိ (၃)ရက်ဆက်တိုက်ပိတ်မည်ဟု YESC ကအသိပေးခဲ့သည်။ ဧပြီ ၂၉ ရက်သည် ဗုဒ္ဓဟူးနေ့ အပတ်စဥ်ရုံးပိတ်ရက်ဖြစ်ပြီး ဧပြီ ၃၀ ရက်သည် ကဆုန်လပြည့်နေ့၊ မေ ၁ ရက်သည် အလုပ်သမားနေ့တို့ဖြစ်၍ လျှပ်စစ်ဓာတ်အားခငွေလက်ခံကောင်တာများကိုပိတ်ရခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ ယနေ့ ဧပြီ ၂၅ ရက်၊ ဧပြီ ၂၆ ရက်၊ ဧပြီ ၂၇ ရက်နှင့် ဧ...

အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ် ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို အလုံးစုံပြန်လည်ထိန်းချုပ်သိမ်း ပိုက်

CDF နှင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်(၁၀၉)ကြိမ်ဖြစ်ပွားပြီးနောက် တပ်မတော်က ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကို ယနေ့ ဧပြီ ၂၅ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့နှင့် ယင်း ဒေသတစ်ခုလုံးကိုပြန်လည်ထိန်း ချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် သာယာကုန်း ကျေး ရွာ၊ အောက်တိုဘာ ၃၀ ရက်တွင် နတ်ချောင်းတံတား၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ပွိုင့်-၂၂၄၄ တောင်ကုန်း၊ နိုဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071