Home International အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ကြောင်း အီရန်ပြောကြား

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ကြောင်း အီရန်ပြောကြား

0
165

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ “ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ” ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ “အီရန်နှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခြင်းမရှိသရွေ့” အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုသည် “အရှိန်အဟုန်အပြည့်ဖြင့် ဆက်ရှိနေမည်” ဟု ပြောကြားခဲ့သည်။

“အမေရိကန်ဘက်က ပြောဆိုလုပ်ကိုင်ခဲ့တာတွေကို ကြည့်ရင် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေက ရှုပ်ထွေးနေပါတယ်။”ဟု ကာတာနိုင်ငံ ဒိုဟာ ဘွဲ့လွန်သင်တန်းကျောင်း(Doha Institute for Graduate Studies) မှ မီဒီယာလေ့လာရေး ပါမောက္ခ မိုဟာမက် အယ်လ်မာဆရီ(Mohamed Elmasry) က ပြောကြားသည်။

“အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့မှုကို ဆက်လက်ထားရှိဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ တွက်ချက်မှု မှားယွင်းတာ ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ စတင်မြင်တွေ့နေရပြီလို့ ထင်ပါတယ်။ အီရန်ဘက်ကတော့ ဒါကို (နှစ်ဖက်ကြား) ဘယ်လိုသဘောတူညီမှုမျိုးပဲ ရထားခဲ့ပါစေ၊ အဲဒီသဘောတူညီချက်ကို ချိုးဖောက်တာလို့ အဓိပ္ပာယ်ဖွင့်ဆိုနေပါတယ်” ဟု သူက ဆက်လက်ပြောကြားသည်။

“သမ္မတ ထရမ့်က အကောင်းမြင်တဲ့ လေသံတွေနဲ့ အရမ်းချဲ့ကားပြောနေတဲ့ အဲဒီညှိနှိုင်းမှုတွေဟာ အမေရိကန်ဘက်က အလွန်အကျွံ လုပ်ဆောင်လာမယ်ဆိုရင်တော့ လေထဲမှာတင် ပျက်ပြယ်သွားနိုင်တဖို့ အလားအလာ တကယ်ကို ရှိနေပါတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here