ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြစ်ပေါ်မှုကြောင့် နေအိမ်(၅၇)လုံးပြိုလဲပျက်စီးပြီး နေအိမ်(၆၃၉)လုံးအမိုးလန်ကာ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်းတို့ပျက်စီးခဲ့ပြီး အိမ် ထောင်စု(၆၉၆)စုမှ လူဦးရေ(၂,၂၀၅)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လေဘေးသင့်နေအိမ်များအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဧပြီ ၁၈ ရက်တွင် ဒေသခံများထံသို့ကိုယ်တိုင်သွားရောက်၍ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
