Home Movies ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး

0
78

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်များမှ တရားဒေသနာတော်များရွတ်ဆိုပူဇော်ပေးပြီး သံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံအမတ်ကြီးမှ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ဆီထမင်း၊ ကြာဇံကြော်၊ သစ်သီးတို့ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here