ယနေ့ ဧပြီလ ၆ ရက်တွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရဲမှူးချုပ်ဟောင်း ဦးအောင်နိုင်သူအား အမည်စာရင်းတင်သွင်းခဲ့သည်။
အစည်းအဝေးတွင် ကန့်ကွက်သူမရှိသောကြောင့် ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။
