Thursday, February 19, 2026

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍ ...

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando...

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဖြစ်သူ ဦးမင်းအောင် တာဝန်မှအနားယူခွင့်ပြု

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးမင်းအောင် အားကျန်း မာရေးအရတာဝန်မှအနားယူခွင့်ပြုခဲ့ကြောင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အ မှတ်၊ ၆/၂၀၂၆ ဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၈...
HomeNewsLocal Newsရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက်...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။

ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်းမူကြမ်းကို ရေးဆွဲတင်ပြခဲ့ပြီးနောက် အမျိုးသားစံချိန်စံညွှန်းကောင်စီအနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေအရ စက်တင်ဘာ ၂ရက်က မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် MEVM မဲပေးစက်များနှင့် စပ်လျဉ်း၍ မြန်မာစံချိန်စံညွှန်းဖြစ်သော MMS 63:2025 မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီစစ်ဆေးပြီးဖြစ်၍ အရည်အသွေးကိုက်ညီမှု ထောက်ခံချက် (Certificate of Conformity – CoC) နှင့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့် လိုင်စင်ရရှိထားပြီးဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုး က ယမန်နေ့ ကျင်းပသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိမရှိကိုလည်း လျှပ်စစ်အီလက်ထရောနစ်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီး(၂)ဦး ဖူးခက်မြို့၌ တွေ့ဆုံ   

ကဏ္ဍစုံ၌ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန်ဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က ဖူးခက်မြို့တွင်တွေ့ဆုံ၍  နှစ်နိုင်ငံသီးသန့်အစည်းအ ဝေးကျင်းပခဲ့သည်။ အစည်းအဝေး၌ မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ် ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးစသည့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာများ၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကဏ္ဍတိုးမြှင့်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်း ဝယ်မှုစသည့်...

အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ပြီးနောက် ဝါးတရာစက်မှုဇုန်ရှိ M-Brother အထည်ချုပ်စက်ရုံမီးငြိမ်း (၂) ဦးသေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းရှိ M-Brother (Straightex Co;Ltd)၏ အထည်ချုပ်စက်ရုံတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ အချိန်(၈)နာရီခွဲကျော်ကြာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုအား မွန်းတည့် ၁၂ နာ ရီ ၂၅ မိနစ်တွင် Level 1 အဆင့်၊ နေ့လည် ၁ နာရီ ၃ မိ နစ်တွင် Level 2 အဆင့်တို့ဖြင့် မီးသတ်ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊...

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုဆွေးနွေး

WHO မှမြန်မာနိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ် Dr. Thushara Fernando တို့ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် WHO ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စား လှယ်  Dr. Thushara Fernando အနေဖြင့် မြန်မာနိုင်ငံ ၌ တာဝန်ထမ်းဆောင်ချိန်အတွင်း မြန်မာနိုင်ငံနှင့် WHO ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် WHO မှဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေး နွေးခဲ့ကြသည်။ WHO...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071