Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeNewsLocal NewsDEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူအား...

DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူအား ဖမ်းဆီး အရေးယူ

ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်သည် (အောက်တိုဘာ ၂၈)ရက် နေ့က ဖြစ်ပွါးခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာမှ ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

DEMU ရထားတွဲသည် ဖြူးနှင့်ဇေယျဝတီဘူတာအကြားကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားခဲ့ခြင်း ဖြစါသည်။

သို့သော် ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့၊ ဖြူးမြို့နယ်ရဲစခန်းနှင့် ဖြူးမြို့မ အရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ရထားလမ်း၏အနောက်ဘက်ချုံပုတ်အနီးတွင် တရားခံဖြစ်သူထက်ဦးလွင်(ခ)ငထော်နီ(ဘ)ဦးသိန်းနိုင်၊  အသက်(၁၈) နှစ်၊ သင်္ချိုင်းကုန်းကွက်သစ်၊ ဗထူး(၆)လမ်း၊ အုတ်ဖြတ်ရပ်ကွက်  ဖြူးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ဖြူးမြို့နယ်ရဲစခန်းတွင်ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးအမှုဖွင့်ဆောင်ရွက်လျကရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ – MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေ

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071