ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို မကြာခင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်မှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
” ပြန်ဖွင့်ဖို့ လုပ်နေတာဟုတ်တယ်။ ဘယ်တော့ပြန်ဖွင့်မလဲ ဆိုတာကတော့ မသိသေးဘူး” ဟု ယင်းဟိုတယ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန္နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။
ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။
ရန်ကုန်မြို့လယ်တွင် တည်ရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် အခန်းပေါင်း (၄၆၆) ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများ ဟိုတယ်အမည်ဖြင့် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ ခုနှစ် တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
