Thursday, June 4, 2026

AI နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ...

ကံ့ကော်တော ၏ ယခုဇွန်လအတွက် အသိပညာမျှဝေခြင်း (Knowledge Sharing Session) အွန်လိုင်းဆွေးနွေးပွဲကို လာမည့် ဇွန်လ ၅ ရက် (သောကြာနေ့)၊...

အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့်...

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင်...

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ...

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ...

အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ပြီး နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃...
HomeMoviesတီမောလက်စ်တေနိုင်ငံသမ္မတ၏ပြောကြားချက်များ သည် မြန်မာ-တီမောလက်စ်တေ...

တီမောလက်စ်တေနိုင်ငံသမ္မတ၏ပြောကြားချက်များ သည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံမိသားစုစိတ်ဓာတ်ကိုထိခိုက်ပျက်စီးစေ   မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုရှိသော မြေပြင်အခြေအနေမှန်များကို မည်သူမဆိုကိုယ်တိုင်လာရောက်ကြည့်ရှုရန်ဖိတ်ခေါ်

တီမောလက်စ်တေနိုင်ငံသမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က မေ ၃၀ ရက်က စင်ကာပူမြို့တွင်ကျင်းပခဲ့သော ရှန်ဂရီလာဆွေးနွေးပွဲနှင့် ဇွန် ၂ ရက်က ဂျကာတာမြို့တွင်ကျင်းပခဲ့သည့် အာဆီယံနှင့် အရှေ့အာရှစီးပွား ရေးသုတေသန(ERIA)အစည်းအဝေးတို့၌ မြန်မာနိုင်ငံ ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍အထင်အ မြင်လွဲမှားစေသည့် ပြောကြားချက်များကိုပြောဆိုခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေသည့် မှားယွင်းစွာပုံဖော်ပြောဆိုမှုများသည် မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပြီး အာဆီယံမိသားစုစိတ်ဓာတ်ကိုလည်း ထိခိုက်ပျက်စီးစေ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

အဆိုပါပြောကြားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများအပေါ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ပြီး အာဆီယံပဋိညာဉ်ပါ အခြေခံမူများ၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည် တံ့ခိုင်မြဲရေးတို့ကို လေးစားလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေသ မ္မတ၏ နိုင်ငံတကာဖိုရမ်များကို လွဲမှားစွာအသုံးချ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာများအပေါ် မှားယွင်းစွာပြောကြားနေမှုများကို လေးနက်စွာပယ်ချပြီး တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကိုထိခိုက်စေသည့် မှားယွင်းစွာပုံဖော်ပြောကြားချက်များကို ရှောင်ကြဉ်ရန်နှင့် အာဆီယံပဋိညာဉ်ပါ ရည်ရွယ်ချက်နှင့် အခြေခံမူများကို တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်လေးစားလိုက်နာရန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

မြန်မာအစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရေးတို့ကို မြန်မာဦး ဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆောင် ရွက်ရန် အခိုင်အမာကတိကဝတ်ပြုထားကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မရေးထိုးထားသောအဖွဲ့များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်ရေးနှင့် PDF အဖွဲ့ဝင်များကိုလည်း ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်ထား၍ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုရှိသော မြေပြင်အခြေအနေမှန်များကို မည်သူမဆိုကိုယ်တိုင်လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်သည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် တီမောလက်စ်တေသမ္မတ၏ လွဲမှားသည့်ပြောကြားချက်များနှင့် ဆန့်ကျင်ကာ နေရာဒေသအများစုတွင် တည်ငြိမ်အေးချမ်းလျက်ရှိသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AI နည်းပညာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာ အွန်လိုင်းဆွေးနွေးပွဲကို ကံ့ကော်တောစာကြည့်တိုက်တွင် ဇွန်လ ၅ ရက်၌ ကျင်းပမည်

ကံ့ကော်တော ၏ ယခုဇွန်လအတွက် အသိပညာမျှဝေခြင်း (Knowledge Sharing Session) အွန်လိုင်းဆွေးနွေးပွဲကို လာမည့် ဇွန်လ ၅ ရက် (သောကြာနေ့)၊ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ကံ့ကော်တော အွန်လိုင်းစာကြည့်တိုက် (Kant Kaw Taw Library)သည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များနှင့် သုတေသီများအတွက် လူမှုသိပ္ပံနှင့် ဥပဒေရေးရာဆိုင်ရာ အီလက်ထရွန်နစ် အရင်းအမြစ်များကို အခမဲ့ ဖြန့်ချိပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် (AI)နည်းပညာကို ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် Sustainable...

အမေရိကန်၌ ပြုလုပ်သည့် ဆွေးနွေးပွဲများအတွင်း လက်ဘနွန်နှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် လက်ဘနွန်နှင့် အစ္စရေး ညှိနှိုင်းရေးမှူးများသည် ဇွန်လ ၂ ရက်နှင့် ၃ ရက်တို့တွင် ဝါရှင်တန်ဒီစီ၌ တွေ့ဆုံခဲ့ကြကြောင်း ဖော်ပြထားသည်။ "အမေရိကန်က ဦးဆောင်သည့် ညှိနှိုင်းမှုများ၏ ရလဒ်အနေဖြင့် အစ္စရေးနှင့် လက်ဘနွန်တို့သည် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် သဘောတူညီခဲ့ကြသည်။ သို့သော် အဆိုပါ အပစ်အခတ်ရပ်စဲရေးမှာ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်ခတ်မှုများ လုံးဝရပ်တန့်ရေးနှင့် လီတာနီတောင်ပိုင်းဒေသ(South...

မှတ်ချက်ကောင်းများစွာဖြင့် အိန္ဒိယခရီးစဉ်သည် ပင်ပန်းရကျိုးနပ်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး‌ ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေလည်း ပြန်လည်သုံးသပ်ပြီး တိုင်းပြည်ကောင်းအောင် ဒီမိုကရေစီနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆို မကြာခင် တိုးတတ်မှာပါ။ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ မှတ်ချက်မျိုးစုံပေးကြပေမယ့် ကောင်းတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်။ သွားခဲ့ရတာ ပင်ပန်းရကျိုးနပ်ပါတယ်" နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071