Friday, July 17, 2026

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို...

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀...

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ...

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ...

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက...
HomeNewsLocal Newsဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ ပါတနာအဖြစ်...

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ ပါတနာအဖြစ် BTL Medical Myanmar မှ လက်တွဲမည်

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ဝက်စ်ဟမ်းယူနိုက်တက်နှင့် မိတ်ဖက်ဆောင်ရွက်နေသည့် ပါတနာကုမ္ပဏီသည် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ Sport Science Partner အဖြစ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။

BTL Medical Myanmar သည် BTL Industries Ltd (UK) မှ ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီ စက်ကိရိယာများကို တရားဝင်တင်သွင်းဖြန့်ချိလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကစားသမားများ၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဧရာဝတီအက်ဖ်စီ၏ Sport Science Partner အဖြစ် လက်တွဲလိုက်ခြင်း ဖြစ်သည်။

ထိုသို့ လက်တွဲခြင်းသည် မြန်မာ့ဘောလုံးသမိုင်း၌ ပထမဆုံးအဖြစ် အမျိုးသမီးကလပ်အသင်းတစ်သင်းနှင့် Sport Science Partner လက်တွဲခြင်း ဖြစ်သည်။

မိတ်ဖက်ဆောင်ရွက်မှုတွင် BTL Medical Myanmar သည် ဧရာဝတီအမျိုးသမီးအသင်း ကစားသမားများအတွက် လို အပ်သည့် နှလုံး၊ အဆုတ်၊ ကြွက်သား၊ လုပ်ဆောင်မှုများကို နောက်ဆုံးပေါ်နည်းပညာမြင့်စက်ဖြစ်သည့် BTL CPET: The Game Changer (CardioPulmonary Exercise Test (CPET) System) နှင့် စမ်းသပ်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးသွားမည် ဖြစ်သည်။

ယင်းအတူ ကစားသမားများ ဒ-ဏ်ရာရခဲ့ပါကလည်း ပြန်လည်ကုသမှုတချို့ကို စမ်းသပ်လုပ်ဆောင်ပေးသွားမည်လည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့ နယ်တို့တွင်ဖမ်းဆီးရမိ

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀ နာရီခွဲခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းကာ ဇော်ဇော်ထွန်း လိုက်လာသည့် GOVZCT ၆ ဘီးကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဇူလိုင် ၇ ရက်ည ၇ နာရီခွဲခန့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များသယ်ဆောင်ရောင်းဝယ်ရာ၌ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်၊ ဇူလိုင် ၈ ရက်နံနက်...

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက် လမ်းဘေးရေမြောင်းထဲထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးတို့အပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်း၏ ဌာနချုပ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကာ အဖွဲ့သည် သီးခြားလွတ်လပ်သော အစိုးရချင်းဆက်နွှယ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် "ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း"၏ ရည်ရွယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071