ပြီးခဲဲ့သည့် ဩဂုတ်(၁၅)ရက်က ထုတ်ပြန်ခဲ့သည့် အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် (၂၆) နယ်တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ် ကို ပူးတွဲပါအတို င်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ(၃၀)ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ ပြင်ဆင်သတ်မှတ်မှုအရ မဲဆန္ဒနယ် အမှတ်(၁) အဖြ စ် ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ တံတားဦးခရိုင်၊မြင်း ခြံခရိုင် တစ်ခုလုံးပါဝင်ပြီး ရွေးကောက်တင်မြှောက်မည့်လွှ တ်တော်ကိုယ်စားလှယ်(၂)ဦး ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒနယ် အမှတ်(၂) အဖြစ်လည်း ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်၊ မဟာအောင်မြေခရိုင်၊ သပိတ်ကျင်းခရိုင်၊ အမရပူရခရိုင်၊အောင်မြေသာစံ ခရိုင်တစ်ခုလုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မဲဆန္ဒနယ် အမှတ်(၃)အဖြစ် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရို င် နှင့် ပြည်ထောင်စုနယ်မြေတစ်ခုလုံး ပါဝင်ပြီး ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်ကြောင်း သိရသည်။
