ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
စီတာပူရပ်ကွက်၊ မနောကွင်းအရှေ့ဘက်ရှိ မြေ(၂၄)ဧကခန့်တွင် ထိုကဲ့သို့ တည်ဆောက်မည်လည်း ဖြစ်သည်။
လက်ရှိ၌ ယင်းအပန်းဖြေစခန်းအား တည်ဆောက်ဖွင့်လှစ်၍ နှစ်ရှည်ငှားရမ်းလုပ်ကိုင်လိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များအား စိတ်ဝင်စားမှု အဆိုပြုလွှာကို ပြည်နယ်အစိုးရအဖွဲ့ကခေါ်ယူထားကြောင်းလည်း သိရသည်။
အဆိုပြု လျှောက်လွှာများကို ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကာ စက်တင်ဘာလ (၁၅) ရက်၊ ညနေ (၄)နာရီ နောက်ဆုံးထား၍ ကချင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။
