ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၂၁၇ ဒသမ ၄၄၈) သန်းရရှိထားကြောင်း သိရသည်။
ယခင်နှစ်ကာလထက် အမေရိကန်ဒေါ်လာ (၁၇၁ ဒသမ ၃၄ ၇) သန်း ပိုမိုရရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းကို ပြည်ပမှ ကုန်ကြမ်းသွင်းကာ ပြည်တွင်း၌ ပြန်လည်ချုပ်လုပ်သည့် CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ လက်ခစားစနစ်ဖြင့် မြန်မာနိုင်ငံသို့ အော်ဒါမှာယူနေသာ အများဆုံး (၁၀)နိုင်ငံစာရင်းတွင် အီးယူ (ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ)၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ တရုတ်စသည်တို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စ နစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင်ပို့ မှုအများဆုံးဖြစ်ပြီး အထည်ချုပ် (ချုပ်ပြီးအထည်)သည် ပို့ကုန်ကဏ္ဍ၌ အတိုးတက်ဆုံးဖြစ်သည်။
ထို့ပြင် အထည်ချုပ်ကဏ္ဍသည် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနေသည့် ကဏ္ဍတစ်ခုလည်းဖြစ်သည်။
