Wednesday, May 13, 2026

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ်...

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့်...

ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ...

ဗီယက်နမ်သင်္ဘောကိုဖြတ်သန်းခွင့်ပေးရန်ယူအက်စ်ရေတပ်ကို တောင်းဆို

      အီရတ်ရေနံတင်ဆောင်လာသော ရေနံစိမ်းတင်သင်္ဘောတစ်စင်းကို အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ရှိ ရေတပ်၏ ပိတ်ဆို့တားဆီးထားမှုကို ဖြတ်ကျော်ခွင့်ပြုရန် ဗီယက်နမ်နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ကုန်သွယ်ရေးဌာနခွဲက အမေရိကန်ရေတပ်ကို တောင်းဆိုခဲ့သည်။ အဆိုပါသင်္ဘောသည် ဗီယက်နမ်ရေနံချက်စက်ရုံအတွက်...

ကြာသပတေးနေ့မှ တနင်္လာနေ့အထိ ထိုင်းမှာ မိုးကြီးမည်

     ထိုင်းနိုင်ငံတွင် ကြာသပတေးနေ့မှ နောက်တစ်ပတ် တနင်္လာနေ့အထိ မိုးသည်းထန်စွာမှ အလွန်သည်းသည်းထန်ထန် ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။      နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းလွင်ပြင်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသည်းထန်မှ...
HomeNewsLocal Newsဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုကဇာတ်ရုံ...

ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်မည်

ယခုဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံအဆင့်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre) အဖြစ် အဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဝဇီရာရုပ်ရှင်ရုံကို အဆင့်မြှင့်တင်ရာတွင် မူလဗိသုကာပုံစံမပျက်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ခမ်းနားထည်ဝါရန်လည်း လိုအပ်ကြောင်း၊ လေအေးပေးစနစ်၊ မီးစနစ်၊ ပြသမှုစနစ်များကို ခေတ်မီအောင်ဆောင်ရွက်ပြီး မူလဒီဇိုင်းကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဝဇီရာရုပ်ရှင်ရုံ၏ မူလဗိသုကာလက်ရာသည် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံဖြစ်ပြီး ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ပုံရိပ်ကိုပြသမည့် အဆောက်အအုံဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဝဇီရာရုပ်ရှင်ရုံကို ရုပ်ရှင်ရုံသာမက ပြဇာတ်၊ ဇာတ်သဘင်၊ ရုပ်သေး၊ အက၊ ဂီတပွဲ၊ ဆွေးနွေးပွဲ၊ အစည်းအဝေးများ၊ သင်တန်းကျောင်း၊ စတူဒီယိုနှင့် အနုပညာဖန်တီးနိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်နှင့် ပတ်သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ကဲ့သို့ ပွဲတော်များလည်း ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မျက်မမြင်နှင့် နားမကြားသောကလေးများကျောင်းများတွင် ကျောင်းသားသစ်များခေါ်ယူ၊ စားသောက်နေထိုင်စရိတ် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့မည်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းများနှင့် နားမကြားသောကလေးများကျောင်းများတွင် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူသစ်များကို လက်ခံခေါ်ယူနေပြီဖြစ်ကြောင်း ယနေ့ (မေလ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်လိုက်သည်။

လျှောက်ထားနိုင်သည့် ကျောင်းများမျက်မမြင်ကျောင်းများ ရန်ကုန်မြို့ (ကြည့်မြင်တိုင်) နှင့် စစ်ကိုင်းမြို့ရှိ မျက်မမြင်ကျောင်းများတွင် လျှောက်ထားနိုင်သည်။ နားမကြားသောကလေးများကျောင်းများရန်ကုန်ကျောင်းနှင့် မန္တလေးကျောင်းတို့တွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကလေးငယ်များ တက်ရောက်ရန် လျှောက်ထားနိုင်သည်။ ခံစားခွင့်နှင့် ထောက်ပံ့မှုများ အဆိုပါကျောင်းများတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများ ပေးသွင်းရန် မလိုသည့်အပြင်၊ ကျောင်းအိပ်ကျောင်းစား နေထိုင်စရိတ်နှင့် စားသောက်စရိတ်များကိုလည်း နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ဆက်သွယ်စုံစမ်းရန် ကျောင်းဝင်ခွင့်အတွက် လိုအပ်သည့် အသေးစိတ်သတ်မှတ်ချက်များနှင့် သိရှိလိုသည့် အချက်အလက်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (သို့မဟုတ်) သက်ဆိုင်ရာကျောင်းများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ...

ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၆ ရက်တွင် ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာရှိ အ.လ.က ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်းဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မေ ၁၁ ရက်ကလည်း ဖလမ်းမြို့ပေါ်ရှိ အ.ထ. က(ဖလမ်း)၊ မေ ၁၂ ရက်နှင့် ယနေ့ မေ ၁၃ ရက်တို့တွင် အ.မ.က ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကာ...

ဗီယက်နမ်သင်္ဘောကိုဖြတ်သန်းခွင့်ပေးရန်ယူအက်စ်ရေတပ်ကို တောင်းဆို

      အီရတ်ရေနံတင်ဆောင်လာသော ရေနံစိမ်းတင်သင်္ဘောတစ်စင်းကို အရှေ့အလယ်ပိုင်းပင်လယ်ကွေ့ရှိ ရေတပ်၏ ပိတ်ဆို့တားဆီးထားမှုကို ဖြတ်ကျော်ခွင့်ပြုရန် ဗီယက်နမ်နိုင်ငံပိုင် ရေနံကုမ္ပဏီ၏ ကုန်သွယ်ရေးဌာနခွဲက အမေရိကန်ရေတပ်ကို တောင်းဆိုခဲ့သည်။ အဆိုပါသင်္ဘောသည် ဗီယက်နမ်ရေနံချက်စက်ရုံအတွက် အရေးကြီးသော ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန်ဖြစ်ကြောင်းလည်း ပက်ထရိုဗီယက်နမ်ရေနံကော်ပိုရေးရှင်း(PVOIL) က အင်္ဂါနေ့က တောင်းဆိုချက်စာတစ်စောင်တွင် ပြောကြားထားသည်။       တရားမဝင်ကုန်ပစ္စည်းများဟု ယူဆသော ကုန်သင်္ဘောများအပါအဝင် အမေရိကန်စစ်တပ်သည် အီရန်အပေါ် သင်္ဘောသွားလာမှုဆိုင်ရာ ပိတ်ဆို့မှုကို တိုးချဲ့ခဲ့သော်လည်း ပင်လယ်ကွေ့မှ အခြားရေနံတင်ပို့မှုများကိုမူ လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ကြောင်း ပြောကြားခဲ့ည်။      မော်လ်တာအလံလွှင့်ထူထားသော ရေနံစိမ်းစည်နှစ်သန်းတင်ဆောင်ထားသည့် Agio Fanourios I ရေနံတင်သင်္ဘောကြီးသည် မေလ ၁၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071