ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်နှင့် ကျေးရွာများရှိ အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ မေ ၁၆ ရက်တွင် ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာရှိ အ.လ.က ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်နှင့် စာသင်ခန်းများအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျေးလက်ဆေးပေးခန်းဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်ခြင်းများကိုပြုလုပ်ခဲ့ကြသည်။
ထို့ပြင် မေ ၁၁ ရက်ကလည်း ဖလမ်းမြို့ပေါ်ရှိ အ.ထ. က(ဖလမ်း)၊ မေ ၁၂ ရက်နှင့် ယနေ့ မေ ၁၃ ရက်တို့တွင် အ.မ.က ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကာ ဖလမ်းမြို့ပြန်လည်ထူ ထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ချင်း ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်ဖြင့် မေ ၇ ရက်မှစတင်ကာ သက်ဆိုင်ရာဌာနအလိုက်ဆောင်ရွက်လျက်ရှိသည်။
