၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဂုဏ်ထူးရရဦးရေ (၅၄) ဦး၊ အောင်မြင်သူ (၁၁၉) ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အောင်ချက်ရာခိုင်နှုန်း (၄၁.၄၆) ရာခိုင်နှုန်းရှိသည်ဟု IBEC က အသိပေးထုတ်ပြန်ထားသည်။
IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ အောင်စရင်းအား သီးသန့်ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
