Thursday, July 23, 2026

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး...

ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့်...

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင်...
HomeNewsLocal Newsကမ္ဘာတွင် မြန်မာနိုင်ငံက သတ္တမမြောက်...

ကမ္ဘာတွင် မြန်မာနိုင်ငံက သတ္တမမြောက် ဒီရေတော ဧရိယာအများဆုံး

လှိုင်း/​လေဒဏ်ကို သဘာဝတံတိုင်းကြီးများ သဖွယ်ကာကွယ်ရန် ခိုကျွန်းဒီရေ​တောကို ဧက၂​သောင်း​ကျော်ဖြင့် ကာကွယ်တောသတ်မှတ်

တာနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင်းရှိ အကျယ်အဝန်းဧက (၂၃,၃၇၀) ကို ခိုကျွန်း ဒီရေတာကြိုးပြင်ကာကွယ်တောအဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်တွင် စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဒီရေတောဂေဟစနစ် ရေရှည်တည်တံစေရန်၊ ဇီဝမျိုးစုံကွဲများ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/လေမုန်တိုင်းဒဏ် ခံစားရမှုများကို သဘာဝတံတိုင်းကြီးများ သဖွယ်ကာကွယ်ရန် ဒီရေတာ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်နေခြင်း ဖြစ်သည်။

ထို့ပြင် သား၊ ငါး၊ ပုဇွန်၊ ဂဏန်းရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ်အုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။

ခိုကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိက သစ်မျိုးများဖြစ်သည့် ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ လဘ၊ ကနစို၊ သမဲ့၊ ကျန၊ မဒမ၊ ပင်လယ်အုန်းစသည့် သစ်မျိုးများနှင့် သရော၊ နှံဗြူး(ငှက်)နှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ဗျိုင်း၊ ဗျိုင်းအောက်၊ စွန်၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ခရုစုတ်ငှက်၊ရေညှောင့်နှုတ်ဝိုင်းငှက်၊ တင်ကြီးငှက်၊ ငှက်တုံးငှက် စသည့်ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်လည်း ဖြစ်သည်။

လက်ရှိ ဒီရေတောများ ပေါက်ရောက်လျက်ရှိသည့် ကမ္ဘာနိုင်ငံပေါင်း(၁၂၃)နိုင်ငံတွင် မြန်မာနိုင်ငံက သတ္တမမြောက် ဒီရေတော ဧရိယာအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး ဒီရေတော ဧရိယာ ဧက (၁ ဒဿမ ၂၆သန်း) ကျော် ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး တွေ့ဆုံ

ပြည်တွင်းငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး နေပြည်တော်၊ ဇူလိုင် ၂၃ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia တို့သည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ဖိတ်ခေါ်ထားမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသည့် ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊...

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆောင်းပါး စာမူများကိုသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာ ၅ ရက်နောက်ဆုံးထား၍ ဆောင်းပါးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီထံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website- www.tourism.gov.mm/en/announcements နှင့် www.tourism.gov.mm/mm/announcements တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၆၇၃၄၀၆၁၀၄ သို့လည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071