Monday, June 29, 2026

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း”...

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ...

Perkasa Flight School တွင်...

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL)...

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား...

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။ မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ...

မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုခဲ့သူများ ရာနှုန်းပြည့်အောင်မြင်

သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ငါးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးရှိ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာန၌ ၁၀ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။ ထိုပြင် သုံးဘာသာဂုဏ်ထူးရှင်လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်...
HomeNewsLocal Newsလေယာဉ်ပေါ်တွင် ပါဝါဘဏ် (Power...

လေယာဉ်ပေါ်တွင် ပါဝါဘဏ် (Power Bank) အသုံးပြုခွင့်မပြုဟု MAI ဆို

လေယာဥ်ပေါ်သို့ ပါဝါဘဏ်သယ်ဆောင်ခွင့်ပြုသော်လည်း ပါဝါဘဏ်ကို အားသွင်းခြင်းနှင့် ပါဝါဘဏ်အသုံးပြုကာ အခြား Device များသို့ အားသွင်းအသုံးပြုခြင်းကို ခွင့်ပြုမည်မဟုတ်သည့်အပြင် ပျ-က်စီးနေသည့် ပါဝါဘဏ်များကိုလည်း သယ်ဆောင်ခွင့်မပြုကြောင်း Myanmar Airways International (MAI) မှ ထုတ်ပြန်သည်။

အဆိုပါ အသိပေးချက်သည် ယခုလ (၁)ရက်မှ စတင်ခဲ့ပြီး လေယာဉ်ပေါ် လိုက်ပါသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ခရီးစဥ်ဖြစ်စေရေးအတွက် ခရီးသည်တစ်ဦးလျှင် 100Wh ပါဝါဘဏ် (၁)လုံး သို့မဟုတ် 100Wh-160Wh ပါ ဝါဘဏ်တစ်လုံးကို လက်ဆွဲအိတ်(Hand Carry Baggage) အတွင်း သယ်ဆောင်ခွင့်ပြုပြီး လေယာဥ်ပေါ်တွင် မိမိထိုင်ခုံ၏အောက် သို့မဟုတ် ထိုင်ခုံအိတ်ကပ် အတွင်း၌သာ ထားရှိရမည်ဖြစ်သည်ဟုလည်း သိရသည်။

MAI အနေဖြင့် ခရီးသည်များ၏ ဘေးကင်းရေးအတွက် အကောင်းဆုံး ဦးစားပေး ဆောင်ရွက်လျှက်ရှိပြီး နိုင်ငံတကာလေကြောင်းဘေးကင်းရေးစည်းမျဉ်းများနှင့်အညီ အပြည့်အဝလိုက်နာမှုလျှက်ရှိရာ ပါဝါဘဏ်များ သယ်ဆောင်ခြင်းနှင့် ပတ်သက်သော နောက်ဆုံးပေါ်မူဝါဒကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UMFCCI ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကျင်းပမည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည် အဆိုပါ စကားဝိုင်းတွင် ခရီးသွားကဏ္ဍ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည် ဖြစ်သည်။ ယင်းသို့ ဆွေးနွေးခြင်းဖြင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ၎င်းစကားဝိုင်းများမှ ရရှိလာမည့်...

Perkasa Flight School တွင် Commercial Pilot License သင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား (၅) ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ကျောင်းသား (၅) ဦးသည် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် Commercial Pilot License (CPL) သင်တန်း တက်ရောက်ရန် ဇွန် ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ ကျောင်းသား (၅) ဦးသည် Myanmar Airways International (MAI) နှင့် Perkasa Flight School တို့အကြား ဖေဖော်ဝါရီ ၂၄ ရက်တွင်...

ဝိပ္ပံဘာသာရပ်မှ တစ်နိုင်ငံလုံး ပထမရသည့် ကျောင်းသူအား ဂုဏ်ပြုချီးမြှင့်

တက္ကသိုလ်ဝင်စာမေးပွဲ၌ ရမှတ်ပေါင်း (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့သည်။ မနီနီကျော်သည် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၌ နေထိုင်သူ ဖြစ်သည်။ သူမသည် ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးနှင့်အတူ နေထိုင်ပြီး စက်ရုံအလုပ်သမားဖြစ်သူ အစ်မ၏ ထောက်ပံ့မှုဖြင့် (G-12) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့ကာ မြန်မာတစ်နိုင်ငံလုံး ပထမဆုကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အောင်မြင်သူ(၁)သိန်း(၃)သောင်းကျော်ရှိခဲ့ကြောင်းလည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071