ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲများအတွက် ကစားသမားအင်အားဖြည့်တင်းနေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဘရာဇီးညာတောင်ပံ ကစားသမား EDUARDO ANDRADE BRANDAO အား ခေါ်ယူခဲ့ကြောင်း သိရသည်။
EDUARDO ANDRADE BRANDAO အား အင်ဒိုနီးရှားကလပ် ပါစီကိုတာအသင်းမှ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အသက် (၂၇) နှစ်ရှိပြီ ဖြစ်သည်။
EDUARDO ANDRADE BRANDAO သည် ဘရာဇီး ယူ – ၁၇ အသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ညာတောင်ပံအပြင်ကွင်းလယ်တို-က်စစ်နေရာပါ ဆော့ကစားနိုင်ပြီး အဇာဘိုင်ဂျန်၊ ဘာရိန်း နှင့် ဒူဘိုင်းနိုင်ငံရှိ ကလပ်အသင်းများတွင်လည်း ခြေစွမ်းပြကစားခဲ့သည့် ကစားတစ်ဦးဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က ပြောသည်။
ရန်ကုန်ယူနိုက်အသင်းသည် ယခုနှစ်ရာသီအတွက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် မိုဂူး၊ အိုင်ဒရစ် နှင့် အိုတိုဆိုင်တို တို့ကိုခေါ်ယူထားခဲ့ပြီး စတုတ္ထမြောက်နိုင်ငံခြားသားကစားသမားခေါ်ယူမှုအဖြစ် EDUARDO ANDRADE BRA NDAO ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။