Wednesday, June 17, 2026

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...

ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏...

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်...

ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်ရေးအဆို ချင်းပြည်နယ်လွှတ်တော်...

ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...
HomeNewsLocal Newsကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက်...

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် Timeline ချမှတ်၍ ဆောင်ရွက်နေ

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ကြိုးစားဆောင်ရွက်နေကြောင်းမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအ တွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသကဲ့သို့ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျသည့် မြန်မာ-တရုတ်စီးပွား ရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ကြိုးစားဆောင်ရွ က်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ရေးစီမံကိန်း ဆောလျင်စွာစတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်နှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါ င်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် ရေ နက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်းလည်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ထို့နောက် CITIC Consortium Myanmar Port Investm ent Limited မှ တာဝန်ရှိသူများက နှစ်ဖက်ကြိုတင်ဖြည့်ဆ ည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျ ဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆော င်ရွက်ရမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေး နွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေန က်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Co nditions Precedent)အနက် EIA/SIA ဆိုင်ရာကိစ္စရပ်များနှင့် Development Plan တို့နှင့်စပ်လျဉ်းသည်များကိုတင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန် ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်မြင့်တက်

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ အမေရိကန်နှင့် အီရန်တို့အကြား နျူကလီးယားအစီအစဉ်နှင့် စီးပွားရေးပိတ်ဆို့မှုများ လျှော့ပေါ့ရေးဆိုင်ရာ ဆွေးနွေးမှုများ မစတင်မီ နှစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကောင်းမြင်မျှော်လင့်ချက်များ မြင့်တက်လာသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရေနံတင်ပို့မှုနှင့် သိုလှောင်မှုဆိုင်ရာ အချက်အလက်များကို စောင့်ကြည့်လေ့လာသည့် Tanker Trackers...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး နိုင်ငံတော်သမ္မတ ဆွေးနွေး

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားအများစုသည် ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်ပြီး မြတ်ဗုဒ္ဓနှင့် သက်ဆိုင်သည့် ဓာတ်တော်မွေတော်များကို အထူးတန်ဖိုးထားကြကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၌ ထိန်းသိမ်းပူဇော်ထားသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ပင့်ဆောင်ပူဇော်ခွင့်ရရှိစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုသို့ မြတ်ဗုဒ္ဓ၏...

ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏ ခေတ်မီမြို့ပြညအလှကို လေ့လာကြည့်ရှုခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ ဟွမ်းဖု (Huangpu) မြစ်ကြောင်းတစ်လျှောက်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများ၊ မြစ်ကမ်းနံဘေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။ ထို့ပြင် ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုများ၊ လူမှုဘဝလှုပ်ရှားသွားလာနေမှုများနှင့် မြို့ပြလူနေမှုဘဝပုံစံများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။ ဟွမ်းဖုမြစ်သည် ရှန်ဟိုင်းမြို့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071