Friday, December 5, 2025

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...
HomeNewsLocal Newsကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက်...

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် Timeline ချမှတ်၍ ဆောင်ရွက်နေ

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ကြိုးစားဆောင်ရွက်နေကြောင်းမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအ တွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသကဲ့သို့ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျသည့် မြန်မာ-တရုတ်စီးပွား ရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများသတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေးနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ကြိုးစားဆောင်ရွ က်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ရေးစီမံကိန်း ဆောလျင်စွာစတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်နှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါ င်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့် ရေ နက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်ရေးဆွဲထားသည့် Development Plan ကို ခေတ်စနစ်နှင့်အညီ ကောင်းမွန်စေရန် ရေးဆွဲသင့်ကြောင်းလည်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

ထို့နောက် CITIC Consortium Myanmar Port Investm ent Limited မှ တာဝန်ရှိသူများက နှစ်ဖက်ကြိုတင်ဖြည့်ဆ ည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျ ဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆော င်ရွက်ရမည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေး နွေးတင်ပြကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေန က်ဆိပ်ကမ်းစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနှင့် CITIC မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Co nditions Precedent)အနက် EIA/SIA ဆိုင်ရာကိစ္စရပ်များနှင့် Development Plan တို့နှင့်စပ်လျဉ်းသည်များကိုတင်ပြခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ ဆော်မှု(Campimg)များပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု လုပ်ထားကြောင်း သိရသည်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်တွင် LED ဘုတ်ယေ Night Market တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေး ကောက်ပွဲအသိပညာပေးဆိုင်ရာနှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မကွေးတိုင်းရှိ မြို့ နယ်များအလိုက် ထွေအုပ်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၄)ရက်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစဉ် ထို့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ရွှေတံဆိပ်ဆုရရှိသူများကိုလည်း နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားသည်။ ထို့ပြင် အားကစားသမားများအ‌နေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင်...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071