Thursday, August 14, 2025

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့...

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်

တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ‌ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့...

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တောင်ကျရေသတိထား ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းတို့၏ သက်‌ရောက်မှုကြောင့် မြန်မာနိုင်ငံ နေရာအနှံတွင် ဩဂုတ် (၁၅) ရက် မှ (၁၈)...

မန္တလေးတိုင်းဝန်ကြီးချုပ် နှင့် IOM ၏...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်မှ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာရွှေ့ ပြောင်းသွားလာရေးအဖွဲ့(IOM)၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Iori KATO အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် IOM အနေဖြင့်...
HomeNewsLocal Newsချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

ချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ ဘာသာ သာသနာထွန်းကားနိုင်ရေး၊ သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ထားကိုးကွယ်တော်မူရန် ပထမအကြိမ်အလှူတော်‌ငွေပေးအပ်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ချောက်မြို့စွယ်တော်မြတ်စေတီတော်တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ်မှ ချောက်မြို့သည်ကမ္ဘာတွင် အပူဆုံးမြို့အဖြစ်စံချိန်တင်ခံခဲ့ရသည့်မြို့ဖြစ်၍ ဘာသာ သာသနာ ထွန်းကားနိုင်ရေးနှင့် သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြေနေရာပြုပြင်ထားရှိမှု ရာနှုန်းပြည့်ပြီးစီးပြီဟု ပြောသည်။

ထို့ပြင် စွယ်တော်မြတ်စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်တော်မူနိုင်ရန် တိုင်းအစိုးရအဖွဲ့အနေဖြင့် ငွေကျပ်(၁ ဒသမ ၅)ဘီလီယံထည့်ဝင်လှူဒါန်းသွားမည်ဟုလည်း မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က ပြောကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းအစိုးရအဖွဲ့မှဦးဆောင်ကာ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်များအတွင်းရှိ ဒေသခံများ၊ အလှူရှင်များကပေးအပ်လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း(၁၁၀၀၀)ကျော်အားလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ်(၂၂၉၃)၊ ညောင်ဖြူပင်ကွင်း၊ ဦးပိုင်အမှတ်( ၁၊ ၂ )အတွင်း၊ မြေဧရိယာ(၂၀ ဒသမ ၀၈)ဧကပေါ်တွင် တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ပြီး ရရှိလာသည့် အလှူငွေများအား မကွေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် “ချောက်မြို့ စွယ်တော်မြတ်စေတီအလှူငွေစာရင်း” အမည်ဖြင့် Account ဖွင့်လှစ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမဟာမုနိဘုရားကြီးအား ပိတ်ရက်မရှိလာရောက်ဖူးမြှော်နိုင်ပြီ

မန္တလေး မဟာမုနိဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှလာရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရန်၊ ပိတ်ရက်မရှိဖွင့်လှစ်ထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။ ငလျင်ကြောင့်ပျ-က်စီးထိခို-က်မှုအချို့ရှိခဲ့သဖြင့် ယာယီပိတ်ထားခဲ့ရာမှ ယခုလမှစ၍ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်ဖူးမြှော်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားပါတယ်၊ အနယ်နယ်အရပ်ရပ်ကဘုရားဖူးလာသူတွေအဆင်ပြေစေဖို့ ပိတ်ရက်မရှိပြန်ဖွင့်ပေးထားပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့၏အထင်ကရ မဟာမုနိဘုရားကြီး (မ ဟာမုနိရုပ်ရှင်တော်မြတ်)၏ တန်ဆောင်းတော်နှင့် ထီးတော်အချို့အပိုင်းများ ပျ-က်စီးထိခို-က်မှုဖြစ်ခဲ့ရာ နောက်တစ်ရက်မှစ၍ ဘုရားဖူးမြှော်ခွင့်နှင့် ဘုရားပေါ်တက်ရောက်ခွင့်ကို ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ပြီး၊ ဇွန်လတတိယပတ်ခန့်ကစ၍ လပြည့်လကွယ်ဥပုသ်နေ့တိုင်း ဝင်ရောက်ဖူးမြှော်ခွင့်ပြုခဲ့ပြီး၊ ယခုအခါတွင် ပိတ်ရက်မရှိခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းပြီးဖြစ်

တိုင်းဒေသကြီး နှင့် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်ထိပါ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း ‌ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။ ယမန်နေ့ ဩဂုတ်လ(၁၃)ရက်က ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုပြင် ရွေးကောက်ပွဲဆိုင်ရာ ကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးအတွက် အထူးအလေးထားလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်းရွားနိုင်

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တောင်ကျရေသတိထား ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းတို့၏ သက်‌ရောက်မှုကြောင့် မြန်မာနိုင်ငံ နေရာအနှံတွင် ဩဂုတ် (၁၅) ရက် မှ (၁၈) ရက်အတွင်း မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး (၂၄) နာရီအတွင်း မိုးရေချိန် (၁.၂) လက်မအောက်ရှိနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။ ထို့ပြင် ပဲခူးတိုင်းအရှေ့ပိုင်း၊ ပဲခူးနှင့် ကရင်ပြည်နယ် နယ်စပ်အနီး၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတောင်ကြောများအပေါ်တွင် မိုးများနိုင်ပြီး(၂၄) နာရီအတွင်း မိုးရေချိန် (၂) လက်မအထက်ထိ ရွာသွန်းနိုင်ကာ မိုးသည်းထန်ခြင်းကြောင့် တောင်ကျရေကျဆင်းပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071