Wednesday, April 29, 2026

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...
HomeNewsLocal Newsအစိုးရ ပြောရေးဆိုခွင့်ရှိသူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း...

အစိုးရ ပြောရေးဆိုခွင့်ရှိသူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်နေ

အစိုးရပြောရေးဆိုခွင့်ရှိသူများအတွက် ထိရောက်သော လူထုဆက်ဆံရေးနှင့် မီဒီယာများနှင့် ဆက်ဆံရာတွင် အဆင်ပြေစေနိုင်ရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် (၃)ရက်ကြာ ကျင်းပနေကြောင်း သိရသည်။

နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဖေဖော်ဝါရီ (၂၆) ရက်မှ (၂၈) ရက်ထိ သုံးရက်တာ ကျင်းပနေခြင်းလည်း ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲလေ့လာသူအဖြစ်တက်ရောက်သည့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် သင်တန်းဆရာများကဦးဆောင်၍ လူထုနှင့် ဆက်သွယ်သတင်းစကားပေးခြင်းနှင့် သုတေသနပြုခြင်းဆိုင်ရာ အကြောင်းအရာများ၊ အသံတည်းဖြတ်ခြင်းဆိုင်ရာ၊ မီဒီယာနှင့် ဆက်သွယ်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ တွေ့ဆုံမေးမြန်းခြင်းနှင့် ချိတ်ဆက်ဆက်သွယ်ခြင်း ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ လုံခြုံရေးအဆင့်အတန်းသတ်မှတ်ထားသော သတင်းအချက်အလက်များကို ကို င်တွယ်ဖြေရှင်းခြင်းနှင့် စိန်ခေါ်မှုဖြစ်စေသည့် အကြောင်းအရာများကို ဆက်သွယ်ဖြေရှင်းခြင်း စသည့်အကြောင်းအရာများကို လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြကြောင်းလည်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်ကာ အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့် အစိုးရတာဝန်ရှိသူ များအကြား ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်း အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို "ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်" ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ "ကျွန်တော်တို့ အဆိုပြုထားတဲ့ 'နျူကလီးယား ပါဝါဘဏ်' ဟာ မျိုးဆက်သစ်...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071