Wednesday, April 29, 2026

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...
HomeNewsLocal Newsသံဃာတော် (၁၉) ပါး၊...

သံဃာတော် (၁၉) ပါး၊ သီလရှင် (၂)ပါးနှင့် လူပုဂ္ဂိုလ် (၂)ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်မည့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်ရရှိသည့် သံဃာတော် (၁၉) ပါး၊ သီလရှင် (၂)ပါးနှင့် လူပုဂ္ဂိုလ် (၂)ဦးတို့ကို သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲတံဆိပ်တော်များရရှိကြသည့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၂၆)ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

၎င်း အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းမည့် အခမ်းအနား၌ ဆရာတော်ကြီးများ အဆင်ပြေချောမွေ့စွာ အချိန်မီကြွရောက်နိုင်ရေးနှင့် ပြန်လည်ကြွရောက်နိုင်ရေး၊ သံဃာတော်များနှင့် သီလရှင်များအား ယာယီသီတင်းသုံးနိုင်ရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ဆွမ်းဆန်တော်များ ကြိုတင်လောင်းလှူနိုင်ရေး စနစ်တကျလက်ခံဆောင်ရွက်ခြင်းနှင့် စနစ်တကျ လောင်းလှူနိုင်ရေးတိုကို စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို "ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်" ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ "ကျွန်တော်တို့ အဆိုပြုထားတဲ့ 'နျူကလီးယား ပါဝါဘဏ်' ဟာ မျိုးဆက်သစ်...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071