Wednesday, April 29, 2026

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့်...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ...

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား...

တားမြစ်ပစ္စည်းများသယ်ဆောင်ခြင်းမပြုရန် မြန်မာသံရုံးသတိပေး ​အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှ တစ်ဆင့် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်စေလွှတ်ခဲ့သော မြန်မာကုန်ထုတ်လုပ်သားသစ် (၁၂၃) ဦးသည် ဧပြီ ၂၈...
HomeNewsLocal Newsအာဆီယံ - ဂျပန်...

အာဆီယံ – ဂျပန် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေး အာဆီယံကော်မတီ (တိုကျို)အစည်းအဝေး၌ ဆွေးနွေး

အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များနှင့် ပတ်သက်၍(၃၂၄)ကြိမ် မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကော်မတီ(တိုကျို)၏ (၃၂၄) ကြိမ်မြောက်အစည်းအဝေးကို ဖေဖော်ဝါရီ (၂၆) ရက်က အာဆီယံကော်မတီ (တိုကျို) ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dato’ Shahril Effendi Abd Ghany က ကြီးမှူး၍ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အဆိုပါအစည်းအဝေးနှင့် တစ်ဆက်စပ်တည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၂၀၂၅ ကမ္ဘာ့ကုန်စည်ပြပွဲဆိုင်ရာ ကော်မရှင်နာချုပ် H.E. Mr. Koji HANEDA က ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ကျင်းပမည့် အိုဆာကာ ကန်ဆိုင်းကမ္ဘာ့ကုန်စည် ပြပွဲပြင်ဆင်ပြီးစီးမှု အခြေအနေများအပေါ် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားသံအမတ်ကြီးမှ အာဆီယံသံအမတ်ကြီးများနှင့် H.E. Mr. Koji HANEDA တို့ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံစဉ် အာဆီယံသံအမတ်ကြီးများနှင့် H.E. Mr. Koji HANEDA တို့သည် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံကော်မတီ (တိုကျို)ကို တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိတွင် ဂျပန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး H.E. Dato’ Shahril Effendi Abd Ghany က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားဓာတ်ပေါင်းဖိုတင်ကုန်ကားကို တရုတ်က စမ်းသပ်နေ

ဧပြီလ ၂၈ ရက် ဦးဆောင်သိပ္ပံပညာရှင်တစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံသည် ကုန်တင်ကားပေါ်တွင် တင်ဆောင်သွားနိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို၏ ရှေ့ပြေးပုံစံကို စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။ ၎င်းက နှစ်ပေါင်းများစွာကြာအောင် တီထွင်ဖန်တီးနေခဲ့သော ထိုဓာတ်ပေါင်းဖိုကို "ကမ္ဘာ့ပထမဆုံး ၁၀-မဂ္ဂါဝပ် ယာဉ်တင်နျူကလီးယားစွမ်းအင်သုံးယူနစ်" ဟု ဖော်ပြခဲ့ပြီး၊ နောက်ကွယ်မှ အဖွဲ့အနေဖြင့် ယခုအခါ ၎င်းကို လက်တွေ့အသုံးပြုနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေနေသည်ဟု ဆိုသည်။ အဆိုပါစွမ်းအင်ပမာဏသည် အလတ်စား AI ဒေတာစင်တာတစ်ခုကို လျှပ်စစ်ပေးရန် လုံလောက်သော ပမာဏဖြစ်သည်။ "ကျွန်တော်တို့ အဆိုပြုထားတဲ့ 'နျူကလီးယား ပါဝါဘဏ်' ဟာ မျိုးဆက်သစ်...

ဒလမြို့နယ်ရှိ ကျေးရွာအချို့ ရေကန်ခန်းခြောက်မှုကြောင့် အခက်ကြုံနေ၊ အိမ်ခြေ (၅၀၀) ကျော်အတွက် ရေအလှူရှင်များလိုအပ်နေ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေရာသီ ရေရှားပါးမှုဒ-ဏ်ကို စတင်ခံစားနေရပြီး အိမ်ခြေ (၅၀၀) ကျော်ရှိသည့် ကျေးရွာတစ်ရွာတွင် သိုလှောင်ကန်များ ခန်းခြောက်မှုကြောင့် သုံးရေနှင့် သောက်ရေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အခြေအနေအပေါ် ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း (ရန်ကုန်) ၏ ယနေ့ ကွင်းဆင်းလေ့လာချက်အရ ဒလမြို့ပေါ်ရပ်ကွက်အချို့တွင် သုံးရေ အဆင်ပြေသေးသော်လည်း မြို့အစွန်ပိုင်းရှိ ကျေးရွာများတွင်မူ အခြေအနေ ဆိုးရွားနေခြင်းဖြစ်သည်။ ကျေးရွာရှိ အဓိကရေသိုလှောင်ကန်မှာ လုံးဝခန်းခြောက်နေပြီဖြစ်ကာ ဒေသခံများအနေဖြင့် ရေရရှိရန်အတွက် အလွန်ဝေးကွာသော နေရာများသို့ သွားရောက်ခပ်ယူနေရကြောင်း သိရသည်။ အိမ်ခြေ...

ရန်ကုန်တွင် ယနေ့ မိုးရွာနိုင်ပြီး လေပြင်းတို-က်ကာ မိုးသီးကြွေနိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး ညနေပိုင်းအထိ မိုးထစ်ချုန်းရွာရန် (၈၀) ရာခိုင်နှုန်းအထိ ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မိုးတိမ်တောင်များ ဖြစ်ပေါ်နေသဖြင့် မိုးရွာသွန်းမှုနှင့်အတူလေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းနှင့် မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပွားနိုင်သဖြင့် သတိပြုကြရန်လည်း အသိပေးထားသည်။ ရန်ကုန်အပြင် ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည် နယ်တို့တွင်လည်း နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ နောက် (၂) ရက်အတွင်း ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်သည့် အခြေအနေဆက်လက်ရှိနေသည်ဟု မိုး/ဇလက ခန်းမှန်းထားသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071