Tuesday, May 5, 2026

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...
HomeNewsLocal Newsထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား...

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၂၀၀) ဦး ကော့သောင်းမြို့သို့ပြန်လည်ပို့ဆောင်

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၂၀၀) ဦးကို ‌ယမန်နေ့ ဖေဖော်ဝါရီ(၂၅)ရက် မွန်းလွဲပိုင်းအချိန်၌ ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည် ပို့ဆောင်ခံရသည့် နိုင်ငံသားဦးရေ (၂၀၀) အနက် အမျိုးသမီး(၂)ဦးသာပါဝင်ပြီး အမျိုးသား (၁၉၈) ဦးပါဝင်ခဲ့ကြောင်း ကော့သောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

“ဒီလုပ်ငန်းစဉ်က ပုံမှန်ရှိပါတယ်။ နှစ်နိုင်ငံ စနစ်တကျ လွှဲပြောင်းယူပြီး၊ နေရပ်ပြန်ပို့မှာပါ။ ဒီထဲကမှ တရားခံပြေးတွေကိုတော့ တိုက်ဆိုင်စစ်ဆေးတာတွေရှိတာပေါ့”ဟု ၎င်းက ပြောသည်။

ပြစ်ဒဏ်လွတ်၍ ပြန်လည်လွတ်မြောက်လာသူများကို စက်လှေ(၁၀)စီးကျော်ဖြင့် ကော့သောင်းမြို့၊ အမှတ်(၂) ဘုရင့်နောင်ဆိပ်ခံ‌တံတားသို့ ပြန်လည်ပို့ဆောင်လာခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်း၊ ၎င်းတို့ထဲမှ PDFများ၊ CDM ဝန်ထမ်းများ၊ အမည်မည်းစာရင်း အသွင်းခံထားရသူများ၊ လူကုန်ကူးမှုဖြင့် အလိုရှိသူများ၊ လူကုန်ကူးခံရသူများနှင့် တရားခံပြေးများ ပါဝင်လာခြင်းရှိ၊ မရှိ စစ်ဆေးပြီးပါက နေရပ်အသီးသီးသို့ ပြန်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်တွင် (၁၁၈) ဦး၊ ဖေဖော်ဝါရီလ (၁၄) ရက်တွင် (၁၉၇) ဦး၊ မတ်လ (၂၅) ရက်တွင် (၁၃၄) ဦး၊ ဇွန်လ (၁၀) ရက်တွင် (၁၂၀) ဦး၊ (၁၇) ရက်တွင် (၁၂၀) ဦး၊ (၂၁) ရက်တွင် (၈၅) ဦး၊ ဇူလိုင် (၃၀) ရက်တွင် (၁၅၂) ဦး၊ သြဂုတ်လ (၇) ရက်တွင် (၁၂၆) ဦး၊ (၂၆) ရက်တွင် (၁၀၈) ဦး၊ စက်တင်ဘာလ (၆) ရက်တွင် (၁၃၀) ဦး၊ (၂ ၆) ရက်တွင် (၁၂၇) ဦး၊ နိုဝင်ဘာ (၁၃) ရက်တွင် (၁၈၆) ဦး၊ (၂၈) ရက်တွင် (၁၈၃) ဦးနှင့် ဒီဇင်ဘာလ (၁၈) ရက်တွင် (၂၁ ၉) ဦး နေရပ်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု FE5 Tanintharyi မှ ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်တွင်လည်း ရနောင်းခရိုင်မှ မြန်မာရွေ့ပြောင်းလုပ်သားများကို ကော့သောင်းမြို့သို့ (၁)ကြိမ်ပို့ဆောင်ခဲ့ပြီး မြန်မာရွေ့ပြောင်းလုပ်သား(၁၄၉) ဦး ပါဝင်ကြောင်း FE5 Tanintharyi မှ ဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌ အလင်းဝင်လာသူ(၆)ဦးက ၎င်းတို့ပါလာသည့် လက် နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံကာ တာဝန် ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက် မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘာအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၌ နိုင်ငံတော်အလံကိုအလေးပြုပြီး မီးသတ်ယာဥ်များဖြင့် ​ရေပတ်ဖြန်းခြင်းတို့ကိုလည်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071