Tuesday, May 5, 2026

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...
HomeMoviesမြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့်...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ (မြန်မာ)က အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။

၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။

​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ အ တွက် ​ဘေးကင်းလုံခြုံစွာကာကွယ်စောင့် ရှောက်ပေးသူများ၊ ​စိတ်ပိုင်းဆိုင်ရာ နှစ် သိမ့်ဆွေးနွေးပေးသူများနှင့်​ တစ်ခုတည်းသော မှီခိုအားထားရသူများအဖြစ် တာ ဝန်ယူပေးနေကြကြောင်း ဆိုသည်။

သားဖွားဆရာမများအတွက် ရင်းနှီးမြှုပ် နှံခြင်းသည် ကျန်းမာရေးကဏ္ဍတစ်ခုတည်းအတွက်သာမက အမျိုးသမီးများနှင့် မွေးကင်းစကလေးငယ်များ၏ အ သက်ရှင်သန်ရေးနှင့် ဂုဏ်သိက္ခာအတွက်ပါ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟု ကုလ သမဂ္ဂ (မြန်မာ)က ဆိုသည်။

​သားဖွားဆရာမများသည် မိခင်နှင့် က လေးသေဆုံးမှုကို လျှော့ချရာတွင်လည်း အရေးပါဆုံးသော အင်အားစုဖြစ်ပြီး ၎င်းတို့၏ အခန်းကဏ္ဍကိုအသိအမှတ်ပြုမြှင့်တင်ပေးရန်လည်း တိုက်တွန်းထားသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏ နယ်မြေအတွင်းသို့ တစ်နိုင်ငံက တပ်ဖွဲ့ဝင်များနှင့် စစ်သင်္ဘောများကိုဖြန့်ကျက်ချထားခွင့်ပြုသည့် သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ အိန္ဒိယတွင် ရုရှားတပ်ဖွဲ့များ ထားရှိရန်နှင့် ရုရှားတွင် အိန္ဒိယတပ်ဖွဲ့များထားရှိရန် ဖြစ်သည်။ အဆိုပါသတင်းကို asia.nikkei.com ၏ ဖော်ပြချက်အား ကိုးကား၍ ယူအင်န်အင်န်သတင်းဌာနက သတင်း ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါသဘောတူညီချက်တွင် စစ်အခြေစိုက်စခန်းများ၊ ဆိပ်ကမ်းများနှင့် လေယာဉ်ကွင်းများကို ပူးတွဲအသုံးပြုခွင့်ပေးရန်သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071