Tuesday, August 4, 2026

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့်...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄...

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo...

ရန်ကုန်၊ ဩဂုတ် ၄ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ...

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ...

​အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ်...

မန္တလေးငလျင် ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆...

နေပြည်တော်၊ ဩဂုတ် ၄အင်အားပြင်း မန္တလေးငလျင်ဒဏ် ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေကျပ် ၆ ဒသမ ၈၆ ဘီလီယံကို ရန်ပုံငွေကြီးကြပ်မှု...
HomeInternationalရှီ အမေရိကသို့ လာမည်ဟု...

ရှီ အမေရိကသို့ လာမည်ဟု မျှော်လင့်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည်ဟု သူမျှော်လင့်ထားကြောင်း ခရီးစဉ်အချိန်ကာလကို မဖော်ပြဘဲ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထရမ့်ပ်က အဲရ်ဖို့စ်ဝမ်းပေါ်တွင် သတင်းထောက်များကို ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိက-တရုတ် ကုန်သွယ်ရေးသဘောတူညီချက်အသစ်တစ်ခု ရနိုင်ဖွယ်ရှိသည်ဟုလည်း ပြောဆိုသွားသည်။ ရှီနှင့် ထရမ့်ပ်အကြား စကားပြောဆိုခြင်းသို့မဟုတ် အဆက်အသွယ်ရှိခြင်းသည် ကုန်သွယ်မှု အခွန်အခများကို ဖြေလျှော့ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းတို့ ဖြစ်နိုင်ခြေအတွက် အရေးပါသည်ဟု ရှုမြင်ကြသည်။

ရှီသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမေရိက သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့ပြီး တရုတ်သမ္မတအဖြစ် အမေရိကသို့ ပဉ္စမြောက် ခရီးစဉ်လည်းဖြစ်ကာ ယခင်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးအတွင်း စစ်တပ်ချင်း ဆက်သွယ်မှုများ ပြန်လည်စတင်ရန်နှင့် ဖန်တနိုင်း မူ_းယစ်ဆေးဝါးထုတ်လုပ်မှု တားမြစ်ရေးတို့ကို သဘောတူညီချက်ရခဲ့သည်။

ထရမ့်ပ်နှင့် ရှီသည် ဇန်နဝါရီ ၂၀ ရက် ထရမ့်ပ် ရာထူးစတင်မထမ်းဆောင်မီလေးတွင် ဖုန်းဆက်ပြောဆိုခဲ့ပြီး TikTok ၊ ကုန်သွယ်ရေးနှင့် ထိုင်ဝမ်အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

တရုတ်မိခင်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်သော နာမည်ကျော် အက်ပ်ကို ရောင်းချရန်အတွက် အမေရိကန်ပြည်ထောင်စုက ကြားဝင်ညှိနှိုင်းနေစဉ်ကာလတွင် TikTok နှင့် ပတ်သက်၍ တရုတ်နှင့် သူ ပြောဆိုဆွေးနွေးနေသည်ဟု ဗုဒ္ဓဟူးနေ့တွင် ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

သူ တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်က သူ ရှီနှင့် စကားပြောဆိုခဲ့ကြောင်း ထရမ့်ပ်က ပြောခဲ့သော်လည်း ပြောဆိုခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို ထုတ်ပြောခဲ့ခြင်းမရှိပေ။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့် မြန်မာအသင်း

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးပြတ်အနိုင်ကစားမှသာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက် အသာရရှိစေရန်...

ငါးနှစ်ကြာ ရပ်နားထားသည့် Scania Marcopolo ဘတ်စ်များ ဆူးလေ–ဒလ ယာဉ်လိုင်းတွင် ပြန်လည်ပြေးဆွဲ

ရန်ကုန်၊ ဩဂုတ် ၄ငါးနှစ်ခန့် ရပ်နားထားခဲ့သည့် Scania Marcopolo Torino Low Entry City Bus များကို ဆူးလေ–ဒလ (ဝန်ထမ်းအိမ်ရာ) ယာဉ်လိုင်းတွင် ဩဂုတ် ၁ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားများသည် ယခင်က BRT Lite စနစ်အောက်တွင် ပြေးဆွဲခဲ့ပြီး နောက်ပိုင်း YBS ၃၇ ယာဉ်လိုင်းအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးခဲ့သော်လည်း နှစ်အတန်ကြာ ရပ်နားထားခဲ့ရသည့် ယာဉ်များဖြစ်သည်။ ယခုအခါ ယင်းဘတ်စ်ကားများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ဆူးလေ–ဒလ ယာဉ်လိုင်းတွင်...

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရုရှား အသင့်ရှိ

​အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ် ဂါလူဇင်(Mikhail Galuzin) က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ​တတိယအကြိမ်မြောက် ကာဇက်စတန်-ရုရှား မီဒီယာဖိုရမ်ရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ သူက​"ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိနေသလို၊ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာဖို့လည်း အမြဲတံခါးဖွင့်ထားပါတယ်။ ဒါကိုလည်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးသားပါ။ ဆွေးနွေးပွဲကနေ နှုတ်ထွက်သွားတာ၊ ဆွေးနွေးပွဲမလုပ်ဖို့ မိမိဘာသာ ပိတ်ပင်လိုက်တာနဲ့ ပြောရရင် အမျိုးမျိုး မတည်မငြိမ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071