Tuesday, August 4, 2026

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြန်လည်ပြင်ဆင်နေ

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။  အကြမ်းဖက်အဖွဲများ၏ဖျ-က်ဆီးမှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းတွင် ငွေကျပ်သန်း (၈၀၀)ခန့်နှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် အဆောက်အအုံများနှင့် မြို့ပြတည်ဆောက်မှုလုပ်ငန်းသုံးပစ္စည်းများ၊...

မြန်မာ့စီးပွားရေးဘဏ်(တွန်းဇံဘဏ်ခွဲ)ပြန်လည်ဖွင့်လှစ်

နယ်မြေတည်ငြိမ်အေးချမ်းလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ မြန်မာ့စီး ပွားရေးဘဏ်(တွန်းဇံဘဏ်ခွဲ)ကို သြဂုတ် ၃ ရက်နံနက်ပိုင်းကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် e-pension ထုတ်ပေးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် တွန်းဇံမြို့အား ၃၀၀...

ကျောက်ဖြူ SEZ စီမံကိန်းအတွက် မဒေးကျွန်း၌...

ကျောက်ဖြူ၊ ဩဂုတ် ၄ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အထူးစီးပွားရေးဇုန် (SEZ) ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်သည့် ရေသိုလှောင်နိုင်ရန် မဒေးကျွန်းတွင် ကျောက်တန်း (၁)...
HomeMoviesဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ...

ဂိုးပြတ် အနိုင်ကစားမှသာ အုပ်စုအဆင့်မှ တက်လှမ်းနိုင်မည်ဖြစ်သည့် မြန်မာအသင်း

ရန်ကုန်၊ ဩဂုတ် ၄
အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့သည် ဩဂုတ် ၄ ရက် (ယနေ့) ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အဆိုပါပွဲစဉ်တွင် ဂိုးပြတ်အနိုင်ကစားမှသာ အုပ်စုအဆင့်မှ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ရှိမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် အုပ်စုပွဲစဉ်များတွင် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ဖိလစ်ပိုင်အသင်းကို အနိုင်ရယူထားနိုင်ခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် လာအိုအသင်းကို အနိုင်ရလဒ်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ဂိုးကွာခြားချက် အသာရရှိစေရန် ဂိုးများများ သွင်းယူနိုင်ရေး အစွမ်းကုန် ကြိုးစားကစားရမည်ဖြစ်သည်။

အဆိုပါနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၂၄ AFF ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ၃ ဂိုး – ၂ ဂိုးဖြင့် လာအိုအသင်းကို အနိုင်ရရှိထားသည်။

တစ်ဖက်တွင် လာအိုအသင်းသည် အုပ်စုပွဲစဉ်များ၌ ထိုင်းအသင်းကို ၅ ဂိုး – မရှိ၊ မလေးရှားအသင်းကို ၄ ဂိုး – မရှိ၊ ဖိလစ်ပိုင်အသင်းကို ၄ ဂိုး – ၁ ဂိုး ရလဒ်များဖြင့် ၃ ပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့ မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်သည် လာအိုအသင်းအတွက် နောက်တစ်ဆင့်တက်ရေး ဖိအားမရှိဘဲ ယှဉ်ပြိုင်ရမည့် ပွဲတစ်ပွဲသာ ဖြစ်သည်။

လက်ရှိ အုပ်စု (B) ရမှတ်ဇယားတွင် ထိုင်းအသင်းက ၂ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ၃ ပွဲကစား ၆ မှတ်ဖြင့် အုပ်စုဒုတိယနှင့် မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ရမှတ် ၃ မှတ်ဖြင့် အုပ်စုတတိယနေရာတို့တွင် ရပ်တည်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉ မျိုးကို လျှပ်စစ်စစ်ဆေးရေးဌာနမှ သင်ကြားပေးမည်

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတွင် ဘာသာရပ် ၁၉ မျိုးကို လျှပ်စစ်စစ်ဆေးရေးဌာနမှ အတွေ့အကြုံရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများက သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။ ယခုသင်တန်းတွင် ဆိုလာဓာတ်အားပေးစနစ်နှင့် ပတ်သက်သည့် အခြေခံနည်းပညာနှင့် ဗဟုသုတများကိုပါ သီးခြားခေါင်းစဉ်တစ်ခုအနေဖြင့်...

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြန်လည်ပြင်ဆင်နေ

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရှိ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။  အကြမ်းဖက်အဖွဲများ၏ဖျ-က်ဆီးမှုကြောင့် ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းတွင် ငွေကျပ်သန်း (၈၀၀)ခန့်နှင့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းတွင် အဆောက်အအုံများနှင့် မြို့ပြတည်ဆောက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ စက်/ယာဉ် ယန္တရားများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ငွေကျပ် (၂၆)ဘီလီယံခန့်ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်ပနိုင်ငံမှတင်သွင်းတပ်ဆင်ရသော စက်မှုလျှပ်စစ်ပစ္စည်းများ၏ ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးသိရှိနိုင်ရန် ယင်း ပစ္စည်းများတင်သွင်းတပ်ဆင်ရန် စာချုပ်ချုပ်ဆိုထားသော ပြည်ပကုမ္ပဏီနှင့် ဌာနမှကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များပူးပေါင်း၍ အသေးစိတ်စစ်ဆေးခြင်းနှင့် တန်ဖိုးသင့်တွက်ချက်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောက်မဲမြို့ပေါ်ရှိ စီမံကိန်းအခြေစိုက်စခန်းရုံးနှင့် ဝန် ထမ်းအိမ်ရာအဆောက်အအုံများပြန်လည်ပြုပြင်တည် ဆောက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်ပြီး စီးခဲ့၍...

မြန်မာ့စီးပွားရေးဘဏ်(တွန်းဇံဘဏ်ခွဲ)ပြန်လည်ဖွင့်လှစ်

နယ်မြေတည်ငြိမ်အေးချမ်းလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ မြန်မာ့စီး ပွားရေးဘဏ်(တွန်းဇံဘဏ်ခွဲ)ကို သြဂုတ် ၃ ရက်နံနက်ပိုင်းကပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် e-pension ထုတ်ပေးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် တွန်းဇံမြို့အား ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ် အားပေးစက်ဖြင့် နေ့စဉ် ည ၇ နာရီမှည ၉ နာရီခွဲအထိ အချိန် ပိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးချိန်တိုးမြှင့်ပေးနိုင်ရေး၊ တယ်လီ ဖုန်းလိုင်းရရှိရေးတို့ကိုလည်း တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်နေမှုများအား ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံရာ၌ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ ယာယီနေရပ်စွန့်ခွာ၍ပြန် လည်ဝင်ရောက်လာသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071