Tuesday, August 4, 2026

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃...

လျှပ်စစ်နှင့် ပတ်သက်သည့် ဘာသာရပ် ၁၉...

ရန်ကုန်၊ ဩဂုတ် ၄လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမ၌ ဩဂုတ် ၃...
HomeNewsLocal Newsအနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင်...

အနောက်နိုင်ငံတွေဘက်က ရင့်ကျက်တဲ့ ချဉ်းကပ်မှုရှိရင် ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရုရှား အသင့်ရှိ

​အနောက်နိုင်ငံတွေဘက်က အပြုသဘောဆောင်ပြီး ရင့်ကျက်တဲ့ ချဉ်းကပ်မှုမျိုး ရှိလာမယ်ဆိုရင် ယူကရိန်းကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေလုပ်ဖို့ ရုရှားဖက်က တံခါးဖွင့်ထားပါတယ်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာခေးလ် ဂါလူဇင်(Mikhail Galuzin) က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

​တတိယအကြိမ်မြောက် ကာဇက်စတန်-ရုရှား မီဒီယာဖိုရမ်ရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ သူက​”ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိနေသလို၊ ဆွေးနွေးပွဲကနေတစ်ဆင့် အဖြေရှာဖို့လည်း အမြဲတံခါးဖွင့်ထားပါတယ်။ ဒါကိုလည်း ထပ်ခါတလဲလဲ သက်သေပြခဲ့ပြီးသားပါ။ ဆွေးနွေးပွဲကနေ နှုတ်ထွက်သွားတာ၊ ဆွေးနွေးပွဲမလုပ်ဖို့ မိမိဘာသာ ပိတ်ပင်လိုက်တာနဲ့ ပြောရရင် အမျိုးမျိုး မတည်မငြိမ် မူမမှန် လုပ်ခဲ့တာက တစ်ဖက် ယူကရိန်းဘက်ကပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့တာပါ။

“​အနောက်အုပ်စု၊ ဆိုလိုတာက ယူကရိန်းကို ထောက်ပံ့ပေးနေသူတွေကြားထဲမှာ ပဋိပက္ခရဲ့ အဓိကဇာစ်မြစ်တွေကို ဖြေရှင်းဖို့ ရိုးသားပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး လိုအပ်တယ်ဆိုတာကို ရင့်ကျက်စွာ နားလည်လာကြပြီဆိုရင်တော့၊ ဒီလိုဆွေးနွေးပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာနိုင်ပါတယ်” လို့ ဒုတိယဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။

​”ဒါပေမဲ့ အဲဒီလို မဟုတ်ဘဲ တစ်ဖက်မှာ အသင့်ဖြစ်မှု မရှိဘူး၊ အနောက်အုပ်စု ထောက်ပံ့သူတွေနဲ့ ကျနော်တို့အကြား ရရှိထားတဲ့ သဘောတူညီချက်တွေကို ယူကရိန်းအစိုးရက လိုက်နာအောင် လုပ်ဆောင်ပေးဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ ကျနော်တို့ဘက်က အထူးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပဋိပက္ခရဲ့ မူလဇာစ်မြစ်တွေကို အမြစ်ပြတ်အောင် လုပ်ဆောင်သွားမှာဖြစ်သလို၊ ကျနော်တို့ရဲ့ အကျိုးစီးပွားတွေကိုလည်း စစ်ရေးနည်းနဲ့ပဲ ကာကွယ်သွားမှာပါ။ ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင်နဲ့ ထိတွေ့မှုစည်း နှစ်ဖက်စလုံးမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ထိရောက်ပြီး ပစ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်လှုပ်ရှားသွားမှာပါ” လို့ ဂါလူဇင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ ကာဇက်စတန်အကြား ပထမအကြိမ် မီဒီယာဖိုရမ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက TASS သတင်းဌာန နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် မော့စကိုမြို့မှာရှိတဲ့ TASS ဌာနချုပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကိုတော့ ပြီးခဲ့တဲ့နှစ်က အယ်လ်မာတီ(Almaty) မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ ရေဘေးသင့်နေသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်း၍ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071