ဆေခရာမန်တို၊ဖေဖော်ဝါရီ ၁၉
ကလီဖိုးနီးယား၌ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကိုဗစ်ကိုကျော်လွန်ကာ တုပ်ကွေးရောဂါသည်လက်ရှိအချိန်တွင် လူအေ-သအပျောက်အများဆုံးအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီး ဆေးရုံများတွင်လူများပြည့်ကာ ခက်ခက်ခဲခဲကုသနေကြရသည်ဟုသိရသည်။
တုပ်ကွေးကာကွယ်ဆေးထိုးနှုန်းကျဆင်းသွားချိန်တွင် ယခုကဲ့သို့ အေ-သအပျောက်များလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၄ ရာခိုင်နှုန်းနှင့်ကလေ-းငယ် ၄၆ ရာခိုင်နှုန်းသာကာကွယ်ဆေးထိုးနှံခဲ့ကြသည်ဟုသိရသည်။
“ကျွန်တော်တို့ဆေးရုံတွေမှာ အခုဆို လူနာအပြည့်ဖြစ်နေပါတယ်၊တုပ်ကွေးကနေရာအနှံ့ဖြစ်နေတဲ့ပုံပါပဲ” ဟု ကလီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါ အထူးကု ဆရာဝန် ပီတာချင်ဟောင်က ဒေသခံ သတင်းမီဒီယာကို ပြောကြားခဲ့သည်။
ဇူလိုင်လ ၁ ရက်နေ့မှစပြီး ကလီဖိုးနီးယားတွင် တုပ်ကွေးရောဂါကြောင့် ေ-သဆုံးသူ ၅၆၁ ဦးထက်မနည်းရှိခဲ့ပြီး အများစုမှာ အသက် ၆၅ နှစ်ကျော်သူများဖြစ်ကာ တုပ်ကွေးရောဂါကြောင့် ေ-သဆုံးသူ က-လေး ၁၀ ဦးအထိရှိသည်ဟုလည်းသိရသည်။
ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နိုင်ငံလုံးတွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၉ သန်း၊ဆေးရုံတက်ရသူ ၃၇၀,၀၀၀ နှင့် ၂၀၂၄-၂၅ တုပ်ကွေးရာသီအတွင်း ေ-သဆုံးသူ ၁၆,၀၀၀ ရှိသည်ဟုလည်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဌာန ကခန့်မှန်းထားသည်။
Source : ရှင်းဟွာ
