Friday, December 5, 2025

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ...

တရုတ်နိုင်ငံသား(၂၇၈)ဦးကိုပြည်နှင်လွှဲပြောင်းပေးပြီး (၂၄၈)ဦးကို ထပ်မံထိန်းသိမ်း

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒု စရို-က်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၂၇၈)ဦးကို ယနေ့ ဒီဇင်ဘာ ၄ ရက်က သက်ဆိုင်ရာနိုင်ငံသို့...
HomeNewsFootballMyanmar National League...

Myanmar National League 2024-25 တွင် သွင်းဂိုးအများဆုံး အဆင့် (၁) နေရာတွင်ရပ်တည်နေသည့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 Week-18 အပြီး သွင်းဂိုးအများဆုံးဖြင့် အဆင့် (၁) နေရာတွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ရန်ကျော်ထွေးက သွင်းဂိုး (၁၂) ဖြင့် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။

အဆင့် (၂)နေရာတွင် ဒဂုံပေါ့တိုက်စစ်မှူး မိုဂူက သွင်းဂိုး (၁ ၁) ဂိုးဖြင့် ရပ်တည်နေပြီး အဆင့် (၃)နှင့် (၄) နေရာများတွင် သွင်းဂိုး (၁၀)ဂိုးစီဖြင့် မဟာယူနိုက်တက်အသင်း တိုက်စစ်မှူး ပက်ထရစ်နှင့် ဒဂုံစတားယူနိုက်တက် တိုက်စစ်မှူး ဆောင်လမန်တို့က ရပ်တည်နေကြသည်။

ထို့အတူ အဆင့် (၅)နှင့် (၆) နေရာများတွင် သွင်းဂိုး(၉)ဂိုးစီဖြင့် ဟံသာဝတီယူနိုက်တက် တိုက်စစ်မှူး အောင်မြတ်သူနှင့် ISPE တိုက်စစ်မှူး သိန်းဇော်သီဟတို့က သွင်းဂိုး (၉)ဂိုးစီဖြင့် အသီးသီးရပ်တည်နေကြသည်။

ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ပြီးဆုံးတော့မည့် Myanmar National League 2024-25 Week -18 ပွဲစဉ်များကို ဇန်နဝါရီ (၃၁)ရက်တွင် ပြန်လည်ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိ အုပ်စုတွင်းအဆင့်ရပ်တည်(၁)တွင် ရှမ်းယူနိုက်တက်အသင်းက ရပ်တည်နေခြင်းဖြစ်သည်။

လက်ရှိ ကျင်းပနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစား‌နေကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်နေခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ ဆော်မှု(Campimg)များပြုလုပ်

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု လုပ်ထားကြောင်း သိရသည်။ မကွေးမြို့ရှိ လူစည်ကားရာနေရာများဖြစ်သော ကန်သာမင်္ဂလာကန်တော်တွင် LED ဘုတ်ယေ Night Market တွင် ‌LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်ရေးတေးသီချင်းများ၊ ရုပ်ရှင်အနုပညာရှင်များ၏ ရွေး ကောက်ပွဲအသိပညာပေးဆိုင်ရာနှိုးဆော်မှုဇာတ်လမ်းတိုများဖွင့်လှစ်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ မကွေးတိုင်းရှိ မြို့ နယ်များအလိုက် ထွေအုပ်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုက်တွန်း

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာ (၄)ရက်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစဉ် ထို့သို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ရွှေတံဆိပ်ဆုရရှိသူများကိုလည်း နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုသကဲ့သို့ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်သွားမည်ဖြစ်၍ ကြိုးစားကြစေလိုကြောင်း မှာကြားသည်။ ထို့ပြင် အားကစားသမားများအ‌နေဖြင့် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်လာပြီဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး လေ့ကျင့်မှုများပြုလုပ်ရာတွင်...

အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071