Friday, May 1, 2026

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့်...

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် တိုက်ရိုက်ပြေးဆွဲခြင်းကို ယနေ့ (မေ ၁) တွင် စတင်ပြေးဆွဲပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေး တိုက်ရိုက် အမှတ်(၅)အဆန်/...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့်...

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း...

ညောင်ဦးမြို့နယ်၌ ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်မီးလေ-ာင်ကျွမ်းမှု...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊...
HomeNewsFootballမည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာအသင်းခေါင်းဆောင်ပြော

မည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာအသင်းခေါင်းဆောင်ပြော

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ၌ ယှဥ်ပြိုင်ကစားခဲ့ပြီးဖြစ်သော ပွဲစဥ်နှစ်ခုတွင် လိုချင်သည့်ရလဒ်မရရှိခဲ့သော်လည်း မည်သည့်အချိန်ဖြစ်ဖြစ် ကြိုးစားအားထုတ်မှုလျော့ကျမသွားဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်သီဟဇော်က ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၇ ရက်ည ၆ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် လာအိုဘောလုံးအသင်းတို့၏ ပွဲစဥ်မတိုင်မီပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ရှေ့ကနှစ်ပွဲမှာလိုချင်တဲ့ရလဒ် မရခဲ့တာရှိတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုက လျော့ကျမသွားပါဘူး။ ကျွန်တော်တို့ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားနေမှာပါ”ဟု သီဟဇော်က ပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းမှလည်း ဖိလစ်ပိုင်အသင်းနှင့်ပွဲပြီးချိန်မှစတင်ကာ လာအိုအသင်းနှင့်ပွဲစဥ်အတွက် သေချာပြင်ဆင်ထားကာ လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း၌ ဒဏ်ရာရကစားသမားများမရှိသည့်အပြင် တိုက်စစ်ပိုင်းမှ ဂိုးရရှိရန်ခက်ခဲနေခြင်းကိုလည်းပြင်ဆင်ထားသည်ဟု ပြောသည်။

” ဝင်းနိုင်ထွန်း အသင်းနဲ့လာရောက်ပူးပေါင်းတာက အသင်းအတွက်ခွန်အားတစ်ရပ်ဖြစ်စေပါတယ်။ လာအိုအသင်းက ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အသင်းဖြစ်လို့ မနက်ဖြန်ပွဲက ခက်ခဲမှာပါ။ ပရိသတ်တွေအနေနဲ့ အင်ဒိုနီးရှားနဲ့က ပွဲလိုပဲ မနက်ဖြန်ပွဲမှာ လာရောက်အားပေးကြည့်ရှုမယ်လို့ မျှော်လင့်ပါတယ်”ဟု နည်းပြချုပ်ဦးမျိုးလှိုင်ဝင်းကပြောသည်။

ထို့ပြင် လာအိုအသင်းနည်းပြချုပ် ဟာဟေးဂျွန်မှ မနက်ဖြန်ပွဲရလဒ်ကောင်းရရှိရန် စနစ်တကျပြင် ဆင်ထားကာ မြန်မာအသင်းသည် အသင်းကောင်းတစ်သင်းဖြစ်၍ ပရိသတ်များအကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်ပြီး မနက်ဖြန်ပွဲ၌ အကောင်းဆုံးကြိးစားသွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် လာအိုဘောလုံးအသင်းတို့သည် မနက်ဖြန် ဒီဇင်ဘာ ၁၉ ရက်ညနေ ၅ နာရီ၌ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် ယနေ့စတင်ပြေးဆွဲပြီ

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် တိုက်ရိုက်ပြေးဆွဲခြင်းကို ယနေ့ (မေ ၁) တွင် စတင်ပြေးဆွဲပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေး တိုက်ရိုက် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် DEMU ရထားဖြင့် ပြေးဆွဲခြင်း ဖြစ်သည်။ အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ မနက် ၆ နာရီ၌ စတင်ထွက်ခွာခဲ့ပြီးမန္တလေးဘူတာကို ညနေ ၄ နာရီ၌ ရောက်ရှိခဲ့သည်။ ထို့အတူ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် မန္တလေးဘူတာမှ မနက် ၆ နာရီ၌ ထွက်ခွာပြီး...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံရှိ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ခု ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စက်ရုံများမှာ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. က တည်ဆောက်သည့် သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. က တည်ဆောက်သည့် သပြေဝ ၄၀ မဂ္ဂါဝပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071