Saturday, August 8, 2026

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့...

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့...

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀...

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄...

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက်...

ဧရာဝတီ၊ ဩဂုတ် ၈ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀...
HomeInternationalလက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀...

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင် နေထိုင်သူများကို အိမ်ပြန်ခြင်းမပြုရန် အစ္စရေးတားမြစ်ထား

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ပြောကြားခဲ့သည်။

အစ္စရေးနှင့် ကပ်လျက်နယ်စပ်ရှိ လက်ဘနွန် ဒေသ ၁၀ ခုကို ဆက်သွယ်ထားသည့် စိတ်ကူးမျဉ်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းမပြုရန် တားမြစ်ထားသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ မျဉ်း၏ တောင်ဘက်သို့ ရွေ့ပြောင်းသူများသည် မိမိကိုယ်ကို အန္တရာယ် ဖြစ်စေနိုင်‌ကြောင်းသိရသည်။

ထို့အပြင် အစ္စရေးစစ်တပ်သည် ဒေသခံများ မပြန်ရန် တားမြစ်ထားသည့် လက်ဘနွန်ကျေးရွာ ၆၀ ကျော်စာရင်းကို ထုတ်ပြန်ခဲ့သည်။

အစ္စရေးနှင့် လက်ဘနွန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် အမေရိကန်-ပြင်သစ်၏ ပဏာမခြေလှမ်းကို အခြေခံ၍ နိုဝင်ဘာ ၂၇ ရက်တွင် စတင်အသက်ဝင်ခဲ့သည်။ အဆိုပါသဘောတူညီချက်က လက်ဘနွန်နိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက်တွင် ကုလသမဂ္ဂယာယီတပ်ဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်တပ်များ ဖြန့်ကျက်ချထားရေးအတွက် ပံ့ပိုးပေးသည်။ အစ္စရေးတပ်ဖွဲ့များသည် ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းမှ တဖြည်းဖြည်းဆုတ်ခွာသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေဝင်ရောက်

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေဝင်ရောက်သည့် ကျေးရွာများရှိ ပြည်သူများအား မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယနေ့နံနက်ပိုင်းက ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြ

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲသည် ကစားသမားများ၏ ပွဲကစားနိုင်စွမ်း၊ အသင်းလိုက် ပေါင်းစပ်ကစားမှုနှင့် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဟု အသင်းက အသိပေးထားသည်။ ထို့ပြင်...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀ ကျော် သင်္ဘောများဖြင့် ရောက်ရှိ၊ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071