Saturday, August 8, 2026

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့...

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့...

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀...

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄...

လေးမျက်နှာ ရေဘေးသင့်ပြည်သူ ၄၀,၀၀၀ ကျော်အတွက်...

ဧရာဝတီ၊ ဩဂုတ် ၈ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်အထိ လူဦးရေ ၄၀,၀၀၀...
HomeInternationalထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ်...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈ ဘီလျံကူညီမည်

ဘန်ကောက်၊နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည်ဟု‌ေပြာကြားခဲ့သည်။

စိုက်ပျိုးရေး၀န်ကြီးကမူ ၎င်းအ‌နေဖြင့် လာမည့်သောကြာနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ထံ ဘတ် ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ပေးမည့် အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်အရ စပါးစိုက်တောင်သူများသည် တစ်ရိုင်လျှင် ဘတ် ၁,၀၀၀ (၂၉ ဒေါ်လာ) ရရှိမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် ၁၀ ရိုင် (၁ ဒသမ ၆ ဟက်တာ) အထိရရှိမည်ဖြစ်ကာ ဘတ်ငွေ ၃၈ ဘီလျံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်သူအိမ်ထောင်စုပေါင်း ၄ ဒသမ ၆၈ သန်းအထိအကျိုးပြုစေမည်ဟုလည်းဆိုခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆန် မက်ထရစ်တန်ချိန် ၈ ဒသမ ၃၇ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်ဟုသိရသည်။

ယခုနှစ်ကုန်တွင်မူ ဆန်တင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၉ သန်းအထိရှိလာမည်ဟု ဝန်ကြီးဌာနကခန့်မှန်းထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံဖိုးရှိမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source : ကဟွန်းအင်တာနေရှင်နယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေဝင်ရောက်

မတ္တရာ၊ ဩဂုတ်-၈ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေဝင်ရောက်သည့် ကျေးရွာများရှိ ပြည်သူများအား မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်...

မြန်မာနေရှင်နယ်လိဂ်ပွဲကြိုအဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ ယနေ့နံနက်ပိုင်းက ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြ

ရန်ကုန်၊ ဩဂုတ် ၈ မကြာမီ ကျင်းပတော့မည်ဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် အသင်း၏ ကြံ့ခိုင်မှုနှင့် ကစားပုံ ပိုမိုကောင်းမွန်လာစေရန် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် ယနေ့ (ဩဂုတ် ၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ အဆိုပါခြေစမ်းပွဲသည် ကစားသမားများ၏ ပွဲကစားနိုင်စွမ်း၊ အသင်းလိုက် ပေါင်းစပ်ကစားမှုနှင့် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်မှုတို့ကို တိုးတက်စေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံများကို အခြေခံ၍ လာမည့် ၂၀၂၆/၂၇ ဘောလုံးရာသီအတွက် ဆက်လက်ပြင်ဆင်သွားမည်ဟု အသင်းက အသိပေးထားသည်။ ထို့ပြင်...

စစ်တွေမြို့သို့ ဆန်နှင့်အခြေခံစားသောက်ကုန် တန်ချိန် ၃,၆၀၀ ကျော် သင်္ဘောများဖြင့် ရောက်ရှိ၊ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ၊ ဩဂုတ် ၈ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း တန်ချိန် ၃,၆၅၀ ကျော် တင်ဆောင်လာသည့် ကုန်တင်သင်္ဘော ၄ စီး ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘောများဖြစ်သည့် အမ်ဗွီ ရဲထွန်းအောင် (၂)၊ အမ်ဗွီ ရွှေပိုင်ဖြိုး၊ အမ်ဗွီ အောင်ရတနာဌေး နှင့် အမ်ဗွီ တော်ဝင်သီရိ သင်္ဘောများတွင် စားသောက်ကုန် တန်ချိန်ပေါင်း ၃,၆၅၀ ကျော် ပါဝင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071