လီမာ၊နိုဝင်ဘာ ၁၆
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်၌ကျင်းပမည့် အေပက်စီးပွားရေးခေါင်းဆောင်များအစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။
ယခုနှစ်အတွက် ပီရူးနိုင်ငံ လီမာမြို့၌ကျင်းပနေသည့် ၃၁ ကြိမ်မြောက် အေပက်အစည်းအဝေးအတွင်း ရှီကယခုကဲ့သို့ ကြေငြာခဲ့ခြင်းဖြစ်ပြီး “အာရှ-ပစိဖိတ်ဒေသတွင်းရှိ ပြည်သူတွေရဲ့အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ကဏ္ဍပေါင်းစုံမှာလက်တွဲလုပ်ဆောင်နိုင်ဖို့လည်းမျှော်လင့်ပါတယ်” ဟု ရှီကပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ်တွင် အေပက်ကိုစတင်တည်ထောင်ချိန်မှစ၍ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ကြောင်းလည်း ရှီ၏ ကြေငြာချက်တွင်ဖော်ပြထားသည်။
ဆယ်စုနှစ်များအတွင်း အေပက်သည် အာရှ-ပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊သာယာဝပြောရေးအတွက် ချိတ်ဆက်ဆောင်ရွက်မှုတွင် အောင်မြင်မှုများရရှိခဲ့ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှု၏အဓိကအင်အားတစ်ခုလည်းဖြစ်လာစေခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
