Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalအိန္ဒိယတွင်လေထုညစ်ညမ်းမှုအတွက်ကားများနှင့်ဆောက်လုပ်ရေးလုပ်ငန်းများကိုဒဏ်ရိုက်

အိန္ဒိယတွင်လေထုညစ်ညမ်းမှုအတွက်ကားများနှင့်ဆောက်လုပ်ရေးလုပ်ငန်းများကိုဒဏ်ရိုက်

ပြီးခဲ့သည့် သီတင်းသုံးပတ်အတွင်း လေထုအရည်အသွေးကျဆင်းမှုကို အရေးယူဆောင်ရွက်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ မြို့တော် နူးဒေလီနှင့် ပတ်ဝန်းကျင်ဒေသများမှ အာဏာပိုင်များသည် လေထုညစ်ညမ်းမှု စည်းမျဉ်းများကို မလိုက်နာသည့် မော်တော်ယာဉ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပိုင်ရှင် ထောင်ပေါင်းများစွာကို ဒဏ်ကြေးငွေများ ချမှတ်ခဲ့သည်။

ဆွစ်အဖွဲ့အစည်းဖြစ်သည့် IQAir ၏ လေထုအရည်အသွေးဆိုင်ရာ အဆင့်သတ်မှတ်ချက်အရ နူးဒေလီသည် ကမ္ဘာ့အဆိုးဝါးဆုံး လေထုညစ်ညမ်းသည့် မြို့တော်ကြီးအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုသည်။

မော်တော်ယာဉ် ၆၀,၀၀၀ နီးပါးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် ၇,၅၀၀ ကျော်ကို ဒဏ်ရိုက်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။ လေထု အရည်အသွေးအဆင့်သတ်မှတ်ချက်အရ သုညမှ ၅၀ ကို ကောင်းမွန်သည့်အဆင့်ဟု သတ်မှတ်ထားပြီး တနင်္လာနေ့၏ လေထုညစ်ညမ်းမှုအခြေအနေသည် ၃၇၃ အထိရှိသဖြင့် အလွန်ညံ့ဖျင်းသည့် အဆင့်အဖြစ် ဗဟိုလေထုညစ်ညမ်းမှုထိန်းချုပ်ရေး ဘုတ်အဖွဲ့(CPCB) က သတ်မှတ်ခဲ့သည်။

ယာဉ်စီးရေ ၅၄,၀၀၀ ခန့်သည် မီးခိုးငွေ့ထုတ်လွှတ်မှု ခွင့်ပြုအဆင့်ကို ဖော်ပြသည့် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ (PUC) လက်မှတ်မရှိဟု လေထုအရည်အသွေး စီမံခန့်ခွဲရေးကော်မရှင်က ပြောဆိုသည်။ အစီးရေ ၃,၉၀၀ ကိုမူ လေထုညစ်ညမ်းမှုဆိုင်ရာ လွန်ကဲသောအခြေအနေကြောင့် သိမ်းဆည်းခဲ့သည်ဟုလည်း ဆိုသည်။

ထို့အတူ လုပ်ငန်းခွင် ၅၉၇ ခုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လျော်ကြေးငွေပေးဆောင်ရန် အမိန့်ထုတ်ခဲ့ပြီး လုပ်ငန်းခွင် ၅၆ ခုကိုမူ ပိတ်သိမ်းစေခဲ့သည်ဟု ဆိုသည်။

နူးဒေလီသည် ဆောင်းရာသီကာလတွင် အေးသောလေထုတွင်းစုပုံနေသည့် မီးခိုးငွေ့များ၊ ဖုန်မှုန့်များနှင့် အိမ်နီးချင်း စိုက်ပျိုးရေးပြည်နယ်များဖြစ်သော ပန်ဂျပ်နှင့် ဟာယာနာတို့ရှိ လယ်ယာမြေ မီးရှို့ရာမှ ထွက်လာသော မီးခိုးများကြောင့် ပြင်းထန်သော လေထုညစ်ညမ်းမှုများကို ရင်ဆိုင်ရပြီး စာသင်ကျောင်းများပိတ်ရခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းကို ကန့်သတ်ရခြင်းများ ပြုလုပ်ရလေ့ရှိသည်။

ယင်းဒေသ၏ လေထုအရည်အသွေးသည် ဗုဒ္ဓဟူးနေ့တိုင်အောင် အလွန်ညံ့ဖျင်းသည့်အနေအထားတွင် ရှိနေမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာမြေသိပ္ပံဝန်ကြီးဌာနက ပြောဆိုသည်။ နောက်ခြောက်ရက်အတွက် ခန့်မှန်းမှုအရ အလွန်ညံ့ဖျင်းသော အဆင့်မှ ပြင်းထန်သော အဆင့်အထိ ရောက်ရှိနိုင်သည်ဟုလည်း ဆိုခဲ့သည်။

Ref: သည်ဒေးလီးစတား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071