Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeNewsLocal Newsထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ...

ထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ (၇၈) ရက်အတွင်း မြန်မာ အလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံရ

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများပူးပေါင်းပြီး နိုင်ငံအတွင်း အထောက်အထားမဲ့အလုပ်သမားများကို ရှာဖွေဖမ်းဆီးခြင်းကို ရက်ပေါင်း (၁၂၀) စီမံချက်ဖြင့် လိုက်လံဖမ်းဆီးအရေးယူလျှက်ရှိသည်။

ထို့သို့ ဖမ်းဆီးရမိသည့် နိုင်ငံအလိုက်အလုပ်သမားများမှာ မြန်မာ အလုပ်သမား  ၁၅၅,၆၆၉ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား  ၃၂,၈၁၀ ဦး၊ လာအိုအလုပ်သမား ၁၂,၉၂၀ ဦး ၊ဗီယက်နမ်အလုပ်သမား (၁၄၁) ဦး နှင့် အခြားနိုင်ငံသား အလုပ်သမား (၆၄၉၅)  ဦးတို့ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးခံရသည့် အလုပ်သမားများအနက်မြန်မာအလုပ်သမား (၉၁၄) ဦး၊ လာအိုအလုပ်သမား (၁၈၈) ဦး ၊ကမ္ဘောဒီးယားအလုပ်သမား (၂၀၈) ဦး ၊ ဗီယက်နမ်အလုပ် သမား (၂၆) ဦးနှင့် အခြားနိုင်ငံအလုပ်သမား  (၁၀၂) ဦး ၊  စုစုပေါင်း (၁၄၃၈) ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေဘတ် (၅,၀၀၀) မှ (၅၀,၀၀၀) ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဟု သိရသည်။

ထိုနည်းတူ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်ဘတ် (၁၀,၀၀၀) မှ (၁၀၀,၀၀၀)ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အများဆုံး (၁) နှစ်နှင့် ဘတ်ငွေ (၅၀,၀၀၀) မှ (၂၀၀,၀၀၀)ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice Showcase-2025) ကျင်းပမည်

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား လက်ဆင့်ကမ်း ပညာပေးသူများအဖြစ် ရွေးချယ်ခန့်အပ်ခြင်းအစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ လူဦးရေ ၈ သန်းကျော်ရှိသော ရန်ကုန်တိုင်း ဒေသကြီးတွင် ဆန်အမျိုးအစားများ၊ အရည်အသွေးများ၊ အမှတ်တံဆိပ်များနှင့် ဈေးနှုန်းများ မျိုးစုံစွာ ကွဲပြား များပြားလာသည်နှင့်အမျှ ရန်ကုန်မြို့ သူမြို့ သားများ - အထူးသဖြင့် အလုပ် များသော အိမ်ရှင်မများနှင့် လူငယ်လူလတ်ပိုင်း...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071