Friday, September 4, 2026

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇)...

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန်...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက်...

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်...

ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား...

ဟင်္သာတ၊ စက်တင်ဘာ -၄ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှ သိရသည်။ ထိုသို့...
HomeMoviesထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ...

ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံး၊နစ်နာကြေးရရှိရေး သံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ

ဗန်ကောက်၊ စက်တင်ဘာ ၄
ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူမှာ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးသန်းမင်းထွန်း (ခ) သဲမင်းထွန်း ဖြစ်သည်။

၎င်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ လိုက်ပါလာစဉ် ကွန်ကရစ်လမ်းပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အကူအညီတောင်းခံလာသဖြင့် အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) မှ တာဝန်ရှိသူများသည် ဩဂုတ် ၃၁ ရက်တွင် အဆိုပါ အလုပ်ခွင်သို့ သွားရောက်စုံစမ်းမေးမြန်းခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် ထပ်မံသွားရောက်ခဲ့ပြီး ဟွာအင်းဆေးရုံကြီး၌ ထားရှိသည့် သေ ဆုံးသူ၏ ရုပ်အလောင်းအား ထုတ်ယူကာ ဝနောင်ဖရန်ဖွတ် ဘုန်းကြီးကျောင်းသို ကူညီပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် အလုပ်ခွင်နှင့် ဆက်စပ်၍ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ကျန်ရစ်သူမိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရသင့်ရထိုက်သည့် နစ်နာကြေးများ ရရှိနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးက ဆက်လက်ကူညီ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇) ရက် အထူးတရားစခန်း ဖျ-က်သိမ်း

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဝါတွင်းကာလ (၇)ရက် အထူးတရားစခန်းကို လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေ အနေများကြောင့် ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ လက်ရှိတွင် ယောဂီနားနေဆောင်များမှာ ရေလွတ်နေသော်လည်း ယောဂီဆောင်များ၏ မိလ္လာကန်များ ရေဝင်ပြည့်လျှံနေခြင်းနှင့် ရိပ်သာပတ်ဝန်းကျင်တွင် ရေများဝန်းရံနေခြင်းတို့ကြောင့် တရားစခန်းဖွင့်လှစ်ရန် အဆင်မပြေတော့သဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားစခန်းသို့ ညအိပ်ယောဂီများနှင့် အချိန်ပိုင်းနေ့ယောဂီများအဖြစ် ဝင်ရောက်ရန် စာရင်းပေးသွင်းထားသူများအား တရားစခန်း...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက် ပိုက်ဆံ ပြန်တောင်းမယ်လို့ ထရမ့် ပြော

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ အခမဲ့ ပေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​နည်းနည်းတော့ နောက်ကျသွားပေမဲ့ ယူကရိန်းနဲ့ နေတိုး(NATO) အဖွဲ့ဆီ ပေးခဲ့တဲ့ ခဲယမ်းတွေအတွက် အမေရိကန်က ပိုက်ဆံ ပြန်တောင်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ​ဘိုင်ဒင် အစိုးရဟာ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းက အမေရိကန် သုံးခဲ့တာထက် အများကြီး ပိုများတဲ့ ခဲယမ်းတွေကို ယူကရိန်းဆီ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071