Sunday, September 6, 2026

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား...

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ...

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ “နဘယသုခ” စေတီတော်အား...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူ​ဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆...

ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို...

အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများထွက်နေသဖြင့် ဆူကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ခရီးစဉ်များကို နာရီများစွာ ရပ်ဆိုင်းထားရကြောင်း ဂျကာတာ၏ အဓိကလေဆိပ်က အင်စတာဂရမ်တွင် ပို့စ်တင်ထုတ်ပြန်ခဲ့သည်။         ဒေသစံတော်ချိန်...
HomeNewsLocal Newsလားရှိုးမြို့တွင် အင်တာနက်လိုင်း ပြတ်တောက်မှုများနှင့်...

လားရှိုးမြို့တွင် အင်တာနက်လိုင်း ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇူလိုင် (၁၀)ရက်ညမှ စတင်ကာ အချို့ရပ်ကွက်ကြီးများတွင် အင်တာနက်လိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်လာကြောင်း မြို့ခံများက ပြောသည်။

“ရပ်ကွက် (၁၀)မှာဆို Mytel WiFi တွေမရတော့ဘူး၊ စက်နီနေတာ၊ မိုဘိုင်းဒေတာရောပဲ” ဟု လားရှိုးမြို့တွင် လက်ရှိအချိန်ထိရှိနေသူ မြို့ခံအမျိုးသမီးက ပေါ်ပြူလာနယူးသို့ပြောသည်။

ထို့ပြင် မြို့ပေါ်နေရာအများစု၌ အင်တာနက်လိုင်းများချိတ်ဆက်မရမှု၊ ပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေကြောင်း သူမကပင် ပြောသည်။

နှစ်ဘက်တိုက်ပွဲများသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဆက်သွယ်ရန်အတွက် ဖုန်းလိုင်းများပါ ပြတ်တောက်မည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

လက်ရှိတွင် လားရှိုးမြို့ဆေးရုံကြီးတွင် စစ်ရှောင်နေရသည့် ဆရာဝန်များလည်းရှိနေသောကြောင့် ဆရာဝန်အင်အားလုံလောက်မှုမရှိခြင်းကိုလည်း ရင်ဆိုင်နေရသည်။

မြို့ခံများ၏ အဆိုအရ အရေးပေါ်လူနာများမှလွဲ၍ ကျန်လူနာများကို စိုးရိမ်ရသည့် အခြေအနေတွင်မရှိပါက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးကာ နေအိမ်သို့သာ ပြန်လွှဲပေးနေရကြောင်း သိရသည်။

ထို့နည်းတူ လားရှိုးမြို့ပေါ်၌ မြို့တွင်းအသွားအလာနည်းပါးနေကာ စက်သုံးဆီစျေးမြင့်တက်မှုနှင့်အတူ ကုန်စျေးနှုန်းကြီးမြင့်သည့်ဒဏ်ကိုပါ မြို့နေပြည်သူများ ခံစားနေရကြော င်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်ဟု မြန်မာနိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် "မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်"တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန် သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီ ယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိ​သည်ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်...

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ “နဘယသုခ” စေတီတော်အား ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်မည်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူ​ဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအ တွက် မြဝတီမြို့ ငွေင်္ဟသာဆရာတော်ထံမှ သြဝါဒခံယူပြီး ပြန်လည်ပြုပြင်မွမ်းမံရမည့်အခြေအနေများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် စေတီတော်မြတ်ကြီးအား ထီး‌တော်အသစ် ပြန် လည်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်တို့အတွက် အလှူငွေများကို ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ၊ ဒေသခံများကလည်း စေတီတော်မြတ်ကြီးအားသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Photo-...

ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေးကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုခိုင်မာလာစေရေးဆောင်ရွက်ရန်တို့ကို တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဘိုး/ဘွားများက တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်တိုင်းရင်းသားရိုးရာအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071