Wednesday, July 16, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeNewsLocal Newsမြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅)...

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅) ကြိမ်မြောက် ဒေသစာရီကြွရောက်နိုင်ရေး ဆွေးနွေးနေ

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၅) ကြိမ်မြောက် ဒေသစာရီကြွရောက်နိုင်ရေးကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့သည် ပေကျင်းမြို့ရှိ ဗုဒ္ဓစွယ်တော်စံကျောင်းတော်သစ် နှစ် (၆၀) ပြည့်ဖွင့်ပွဲသို့ တက်ရောက်ပူဇော်စဉ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ဗုဒ္ဓဘာသာအသင်းကြီး၏ ဖိတ်ကြားချက်အရ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အဂ္ဂသာမိနှင့် ဆရာတော်သုံးပါးတို့ ပါဝင်သောအဖွဲ့သည် နှစ်(၆၀)ပြည့်လင်ကွမ်းဗုဒ္ဓစွယ်တော် တိုက်သစ်ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲအခမ်း အနားသို့ ဇွန် (၁၈) ရက်မှ (၂၂) ရက်အထိ တက်ရောက် နေကြခြင်း ဖြစ်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဗုဒ္ဓဘာသာဝင် ကမ္ဘောဒီးယား၊ ကိုရီးယား၊ လာအို၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆရာတော်၊ သံဃာတော်များနှင့် အဖွဲ့ဝင်များအင်အား ၇၀ ခန့်နှင့် တရုတ်ပြည်မှ ဗုဒ္ဓဘာသာဝင်များ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ် ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ ဆရာတော်ကြီး Most.Ven. YANJUE က နိုင်ငံအသီးသီးမှအဖွဲ့ဝင်များကို အဖွဲ့လိုက်သီးခြားတွေ့ဆုံနှုတ်ဆက်ကာ ဓမ္မပဏ္ဏာများ ပေးအပ်ချီးမြှင့်၍ နိုင်ငံများအချင်းချင်း ဗုဒ္ဓဘာသာသာသနာတော်အား ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ပူးပေါင်းဆောင်ရွက်ကြရန် မိန့်ကြားခဲ့သည်။

ထို့ပြင် ဒုတိယဥက္ကဋ္ဌဆရာတော်၊ ဗုဒ္ဓစွယ်တော်တိုက် ပဓာနဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ Most. Ven.Zhan Chan ဦးစီး၍ နှစ်(၆၀)ပြည့် ဗုဒ္ဓစွယ်တော်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံအသီးသီးမှ သံဃာတော်အဖွဲ့များက ဗုဒ္ဓစွယ်တော်အား ဘုရားအနေကဇာတင်ခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ ဗုဒ္ဓစွယ်တော်နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးမှ ဘုရားစေတီပုံတော်များနှင့် ဗုဒ္ဓအဆိုအမိန့်များပါဝင်သော ချစ်ကြည်ရေးပြခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓစွယ်တော် (၄) ကြိမ် ဒေသစာရီကြွချီခဲ့ပြီးဖြစ်ပြီး (၅) ကြိမ်မြောက် ကြွရောက်နိုင်ရေးလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071