ပူတာအိုလေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် (၇)ခုအား အဆင့်မြှင့်တင်မည်

0
278

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း‌ ကချင်ပြည်နယ် ပူတာအိုလေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် (၇)ခုကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အဆင့်မြှင့်တင်မည့် လေဆိပ် (၇)ခုမှာ မော်လမြိုင်၊ သံတွဲ၊ ပူတာအို၊ တာချီလိတ်၊ ဟံသာဝတီ၊ မြိတ်နှင့် ကော့သောင်းလေဆိပ်တို့ဖြစ်ကာ ယင်းလေဆိပ်များရှိ ပြေးလမ်းများနှင့် ခြံစည်းရိုးကာရံခြင်းများကို ဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။

ပြေးလမ်းများ အဆင့်မြှင့်တင်ရာ၌ အရှည်ပေ (၈,၀၀၀)နှင့် အကျယ်ပေ (၁၅၀) ရှိသည့် ပြေးလမ်းများအစား အရှည်ပေ (၉,၀၀၀)နှင့် အကျယ်ပေ (၁၅၀)အထိ တိုးချဲ့ ဖောက်လုပ်သွားမည်ဖြစ်သည်။

လေဆိပ်များအလိုက် အဆင့်မြှင့်တင်ရာတွင် ကချင်ပြည်နယ်၊ ပူတာအိုလေဆိပ်အား အရှည်ပေ (၈၅၀၀)နှင့် အကျယ်ပေ (၁၀၀)ရှိသော ပြေးလမ်းကို ကတ္တရာအလွှာဖြင့် အဆင့်မြှင်တင်မည်ဖြစ်ပြီး တာချီလိတ်လေဆိပ်၏ ပျက်စီးနေသည့် ခြံစည်းရိုးအား အုတ်တံတိုင်းများဖြင့် ပြန်လည်ပြုပြင်ကာ လုံခြုံရေးအထောက်အပံ့များဖြင့် ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မော်လမြိုင်လေဆိပ်ကိုလည်း အလျား (၁၅,၄၅၀) ပေနှင့် အမြင့် (၆)ပေရှိသည့် နံရံများဖြင့် အဆင့်မြှင်တင်သွားမည်ဖြစ်ကာ ပဲခူးတိုင်းအတွင်းရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်အား မြေဧက (၉၆၉၀ ဒဿမ ၄ )ဧကအပေါ် အကောင်အထည်ဖော်နေကာ လုံခြုံရေးခြံစည်းရိုးခတ်ခြင်း ဆောင်ရွက်လျက်ရှိပြီး အရှည်ပေ (၃၄၀၀ ) ခြံစည်းရိုးကို (၁၀)ပေ အမြင့်ရှိသည့် အုတ်နံရံများကာရံသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြိတ်လေဆိပ်ကို ပြေးလမ်း အရှည်ပေ (၉,၀၀၀) နှင့် အကျယ် ပေ (၂၀၀)တွင် ကတ္တရာကွန်ကရစ် အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင်ဆောင်ရွက်မည့်အပြင် ကော့သောင်းလေဆိပ်ရှိ အရှည် ပေ (၆,၀၀၀)နှင့် ပေ (၁၅၀) ကျယ်ဝန်းသည့် ပြေးလမ်းအား AC အလွှာခင်းခြင်းဖြင့် အဆင့်မြှင်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here