တာချီလိတ်တွင် နယ်စပ်ဖြတ်သန်းမည့် ပြည်သူများကို UID ကတ် ပြုလုပ်ပေးနေ

0
96

မြန်မာ – ထိုင်း နှစ်နိုင်ငံနယ်စပ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအတွက် e-ID စနစ်ဖြင့် Biometric ကောက်ယူကာ Unique ID(UID) ထုတ်ပေးခြင်းလုပ်ငန်းကို တာချီလိတ်မြို့၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁)အနီးရှိ တာချီလိတ်ခရိုင် ဦးစီးမှူးရုံးဝင်းအတွင်း၌ နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဖြတ်သန်းသွားလာမည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic ၊ Biometric ကောက်ယူ၍ ဂဏန်း(၁၀)လုံး ပါ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ စာရွက်တွင် ဂဏန်း (၁၀) လုံး ပါဝင်ကာ ကိုယ်ရေးအချက်လက်များနှင့် မျက်နှာသွင်ပြင်၊ ဘယ်ညာလက် (၁၀) ချောင်း၏ လက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို Screen ဖတ် ကောက်ယူထားသည့် ဇီဝဆိုင်ရာ အချက်လက်များ ပါဝင်သည်။

UID ခေါ် စမတ်ကတ် စာရွက်ပါမှသာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော်သွားလာခွင့် လက်မှတ်များ ထုတ်ပေးမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီလအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

တာချီလိတ်တွင်လည်း ဧပြီ (၁၉) ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်သူ ၂၆၀၀၀ ကျော်ကို Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here