တပ်မတော် ဆေးတက္ကသိုလ်တွင် အမျိုးသမီးသင်တန်းသူများပါ တက်ရောက်သင်ကြားနေ

0
115

တပ်မတော် ဆေးတက္ကသိုလ်တွင် အမျိုးသားသင်တန်းများသာမက လက်ရှိအချိန်တွင် အမျိုးသမီးသင်တန်းသူများပါ တက်ရောက်သင်ကြားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

ယမန်နေ့၊ ဇွန်လ (၁၀) ရက်က တပ်မတော် ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တို့မှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာ၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် မဟာဘွဲ့လွန်သင်တန်းသားများ၊ ဗိုလ်လောင်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော် ဆေးတက္ကသိုလ်သည် ကမ္ဘာ့နိုင်ငံများရှိ ဆေးတက္ကသိုလ်များအနက် အဆင့်တစ်ခုတွင်ရှိသည့် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်ကို တပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိများ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌ က ပြောသည်။

တပ်မတော် ဆေးတက္ကသိုလ်တွင် ဆေးဘက်ဆိုင်ရာ ပညာရပ်များသာမက စစ်ပညာကိုလည်း သင်ကြားပေးလျက်ရှိသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုမှစ၍ စစ်အတတ်ပညာကိုလည်း စနစ်တကျ လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌ က ဆိုသည်။

နစက ဥက္ကဋ္ဌ သည် ရန်ကုန်မြို့၊ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများကိုလည်း ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here