5G ကွန်ရက် အောင်မြင်စွာ စမ်းသပ်နိုင်မှုနှင့်အတူ အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်ခဲ့သည့် ATOM ၏ (၂)နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်

0
137

အက်တမ် (ATOM) သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် လုပ်ငန်းတည်ရှိလည်ပတ်ခဲ့သည်မှာ နှစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ၎င်းနေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ 5G မိုဘိုင်းဖုန်းကွန်ရက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။ ရန်ကုန်မြို့၌ 5G ကွန်ရက်စမ်းသပ်မှုအတွက် Huawei နှင့် ပူးပေါင်းကာ မန္တလေးမြို့တွင်စမ်းသပ်မှုအတွက် ZTE နှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

အက်တမ် (ATOM) သည် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများကို အဆင့်မြှင့်တင်ခြင်းနှင့်အတူ အသုံးပြုသူ Customer များ၊ မိတ်ဖက်လုပ်ငန်းရှင်များ၊ လူမှုအသိုင်းအဝိုင်းများနှင့် ဝန်ထမ်းများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လှုပ်ရှားမှုအစီအစဉ်ပေါင်းများစွာကို ဆောင်ရွက်ရင်း လုပ်ငန်းနှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ပြုကြိုဆိုခဲ့ပါသည်။

အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က “ဒီ နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အက်တမ် (ATOM) အနေနဲ့ ဒီလောက်ထိ တိုးတက်အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူလို့မဆုံးပါဘူး။ အခုလိုမျိုး 5G ကွန်ရက် စမ်းသပ်မှုက မြန်မာနိုင်ငံတွင်းမှာ ခေတ်မီနည်းပညာရဲ့ အကျိုးကျေးဇူးတွေက ဘယ်လောက်တောင် ကျွန်တော်တို့အပေါ် ကောင်းကျိုးတွေ ယူဆောင်ပေးလာနိုင်လဲဆိုတာ ပိုမိုသိမြင်လာဖို့အတွက် ကျွန်တော်တို့အက်တမ် (ATOM) အနေနဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ကို အစပျိုးပြင်ဆင်လိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်ပြီး ဒစ်ဂျစ်တယ်ကွာဟမှုကို ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးသွားမယ့် ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ ရည်မှန်းချက်အတိုင်း ဟန်ချက်ညီညီ ကြိုးပမ်းအားထုတ်နေတာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

“ရည်ရွယ်စေတနာ အက်တမ်ရဲ့ကျေးဇူးကမ္ဘာ” ဆိုသည့်ခေါင်းစဉ်အောက်တွင် အက်တမ် (ATOM) သည် အသုံးပြုသူ Customer များအား အထူးကျေးဇူးတုံ့ပြန်ခြင်းအစီအစဉ်များ၊ လူမှုအသိုင်းအဝိုင်းထောက်ပံ့ကူညီမှုများ၊ ဝန်ထမ်းများအား ဂုဏ်ပြုဆုပေးအပ်ခြင်းများနှင့် မိတ်ဖက်လုပ်ငန်းရှင်များကို ကျေးဇူးတင်ဂုဏ်ပြုခြင်းအခမ်းအနားများစသည့် လှုပ်ရှားမှုပေါင်းများစွာကို ၂၀၂၄ ခုနှစ်၏ ဇွန်လနှင့် ဇူလိုင်လတို့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အသုံးပြုသူ Customer များအတွက် ကျေးဇူးတုံ့ပြန်သည့်အစီအစဉ်များကို ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတစ်လျှောက်လုံးတွင် အထူးလက်ဆောင်များ၊ အပိုပွိုင့်လက်ဆောင်များနှင့် ငွေသားပြန်လည်ပေးအပ်မည့်အစီအစဉ်များကို အက်တမ် (ATOM) မှ စီစဉ်ဆောင်ရွက်ထားပါသည်။ ထိုအစီအစဉ်များအနက်မှ အသုံးပြုသူ Customer များကို ကျေးဇူးပြန်လည်တုံ့ပြန်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ အတွင်း မည်သည့် ချန်နယ်မှမဆို မိမိနှစ်သက်ရာနည်းလမ်းဖြင့် မြန်မာငွေ (၂,၉၉၉) ကျပ်နှင့်အထက် အက်တမ် (ATOM) ပက်ကေ့ချ်ဝယ်ယူမှုတိုင်းအတွက် အက်တမ် စတားပွိုင့် (ATOM Star Points) နှစ်ဆရရှိနိုင်မည့်အပြင် EV ကားသစ်ကြီး ကံထူးခွင့်ရနိုင်မည့် အခွင့်အရေးများကို ပေးအပ်သွားမည်ဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here