မြောက်ကိုရီးယားစစ်သားတွေ နယ်စပ်ဖြတ်ကျော်ခဲ့မှုကြောင့် တောင်ကိုရီးယားဘက်က သတိပေး ပစ်ခတ်မှုလုပ်ခဲ့

0
198

ယခုသီတင်းပတ်အတွင်းက မြောက်ကိုရီးယားစစ်သားတွေ ယာယီနယ်စပ်ဖြတ်ကျော်မှုလုပ်ခဲ့တာကြောင့် သတိပေးပစ်ခတ်မှုလုပ်ဆောင်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က အင်္ဂါနေ့(ဇွန် ၁၁) မှာ ထုတ်ဖော်ပြောခဲ့ဆိုပါတယ်။ လက်ရှိမှာ မြောက်ကိုရီးယားက အမှိုက်ထုပ်မိုးပျံပူဖောင်းတွေ တောင်ဘက်ကို ပို့လွှတ်နေသလို တောင်ကိုရီးယားကလည်း ဝါဒဖြန့် လော်စပီကာ ထုတ်လွှင့်တာတွေ လုပ်လာတာကြောင့် နှစ်ဖက်အကြား တင်းမာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ရှေ့တန်းမျက်နှာစာ အလယ်ဗဟိုက စစ်မဲ့ဇုန် DMZ အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယားစစ်သားတစ်ချို့ စစ်ရေးနယ်နိမိတ်မျဉ်းကို အချိန်အနည်းငယ်ကြာ ဖြတ်ကျော်ခဲ့ကြောင်း ကိုရီးယားနှစ်နိုင်ငံအကြား လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားရာ နယ်စပ် ထိန်းချုပ်မျဉ်းကို ရည်ညွှန်းပြီး ပူးတွဲစစ်ဦးစီးချုပ်များရုံး JCS ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ယင်းနောက် မိမိတို့စစ်တပ်ဘက်က သတိပေးချက်တွေ ထုတ်လွှင့်ကာ သတိပေးပစ်ခတ်မှုလုပ်ခဲ့ချိန်မှာတော့ ၎င်းတို့တွေ မြောက်ပိုင်းဘက် ပြန်ဝင်သွားကြတယ်လို့လည်း ဆက်လက်ပြောဆိုခဲ့ပြီး ယင်းဖြစ်ရပ်ဟာ ဇွန် ၉ ရက်နေ့က ဖြစ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။     

သတိပေးပစ်ခတ်မှုလုပ်ခဲ့တာကြောင့် မြောက်ကိုရီးယားစစ်သားတွေ ချက်ချင်းဆုတ်ခွာသွားတဲ့အပြင် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုမျိုးလည်း မတွေ့ခဲ့ရဘူးလို့ JCS ကဆိုခဲ့ပြီး နယ်စပ်ရှိ တပ်ဖွဲ့တွေကို စစ်တပ်က အနီးကပ်စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေး စာချုပ်မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရသာ ၁၉၅၀-၅၃ စစ်ပွဲကို အဆုံးသတ်ထားတာကြောင့် နည်းပညာသဘောအရ စစ်ဖြစ်နေဆဲအနေအထားမှာပဲ ရှိနေသေးတဲ့ ကိုရီးယားနှစ်နိုင်ငံအကြား လက်ရှိ တင်းမာမှုတွေဟာ နှစ်များစွာအတွင်း အနိမ့်ဆုံးအမှတ်ကို ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

Ref:uk.news


LEAVE A REPLY

Please enter your comment!
Please enter your name here