မန္တလေးဆိပ်ကမ်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလမ်းစိုပြည်ရေးအတွက် ဇုန် (၆) ခုဖြင့်လုပ်နေပြီး
အပင် ‌ေ-သများအား အစားထိုး စိုက်ပျိုးသွားမည်

0
96

မန္တလေးဆိပ်ကမ်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလမ်းစိုပြည်ရေးအတွက် ကမ်းနားလမ်းတစ်လျှောက် လမ်းလယ်ကျွန်းများတွင် အရိပ်ရ တည်ပင်ပေါင်း (၁၀၀) အစားထိုး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေး ကမ်းနားလမ်းတစ်လျှောက် လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များမှ အချို့မှာ ‌ေ-သဆုံးမှုများရှိခြင်းကြောင့် ၎င်းနေရာ၌ အရွယ်ရှိသော အရိပ်ရအပင်ဖြစ်သည့် တည်ပင်ပေါင်း (၁၀၀) ကို အစားထိုး စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာပြီး စိမ်းလမ်းစိုပြည်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊ အထူးဌာနခွဲမှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပပြီး စိမ်းလမ်းစိုပြည်ရေးအတွက် ဇုန် (၆) ခုခွဲ၍ ဆောင်ရွက်နေပြီး (၂၆) လမ်းမှ (၃၅) လမ်းအတွင်း ဇုန်(၂)နှင့် (၃၅) လမ်းမှ (၄၁) လမ်းအတွင်း ဇုန်(၃)တို့မှ လမ်းလမ်းလယ်ကျွန်းများတွင် (၆) ပေဝန်းကျင် အမြင့်ရှိသော အရွယ်ရ တည်ပင် (၁၀၀) ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ ဧရာဝတီမြစ်၊ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလမ်းစိုပြည်ရေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နေသကဲ့သို့ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနအနေဖြင့် ‌ေ-သဆုံးသွားသော အပင်များစာရင်းပြုစု၍ အစားထိုး စိုက်ပျိုးသည့်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here