တရုတ်နှင့် ခြေစမ်းပွဲ ကစားရန် မြန်မာ ယူ ၂၀ အသင်း တရုတ်နိုင်ငံသို့ ထွက်ခွာ

0
292

တရုတ် ယူ ၂၀ အသင်းနှင့် ခြေစမ်းပွဲ ကစားမည့် မြန်မာ ယူ ၂၀ အသင်းမှာ ယနေ့ မေ(၂၆) ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ထွက်ခွာသွားပြီဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံခြေစမ်းပွဲကို မေ (၃၀) ရက်နှင့် ဇွန် (၂) ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာယူ ၂၀ ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား  စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

တရုတ်အသင်းနှင့်တွေ့ဆုံမည့် မြန်မာအသင်း အစားသမားများအား ပြည်တွင်း ယူ၂၀ ကလပ်များရှိ ကစားသမားများကို ရွေးချယ်ခေါ်ယူထားခြင်းဖြစ်သည်။

ပြည်တွင်း၌လည်း ၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ လူ ငယ်ပြိုင်ပွဲကို ဇွန်(၁) တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အသင်း(၁၃)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် ဂျူနီယာလိုင်းယွန်း၊ ISPE၊ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဒဂုံပေါ့၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ မဟာယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here